ရှေ့သို့
Image

ကွန်တီရဲ့နေရာကို ဇီဒန်းနဲ့ အစားထိုးရန် မျှော်မှန်းထားတဲ့ တော့တင်ဟမ်

2:27 PM, 29 March

အသက် ၅၃ နှစ်အရွယ်ရှိ ကွန်တီဟာ ကလပ်ကို ၁၆ လကြာ တာဝန်ယူပြီးနောက် တနင်္ဂနွေနေ့ ညနေတွင် နှစ်ဦးနှစ်ဖက်သဘောတူချက်ဖြင့် ကလပ်နေ ထွက်ခွာသွားခဲ့ပါတယ်။

နိုင်ငံတကာပွဲစဉ်များမတိုင်မမီ ဆောက်သမ်တန်နှင့် ၃-၃ သရေကျပြီးနောက် ကစားသမားများနှင့် ကလပ်အသင်းအကြောင်း ပြောဆိုခဲ့ပြီးနောက် ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ယခုအခါ သူ့ရဲ့ထွက်ခွာမှုကို အတည်ပြုလိုက်ပြီဖြစ်ပြီး နည်းပြ ရာထူးအတွက် ဖြစ်နိုင်ချေရှိသူများကိုလည်း ချိတ်ဆက်လျက်ရှိနေပါတယ်။

ယာယီနည်းပြအဖြစ် စတယ်လီနီကို ရာသီကုန်အထိ ခန့်အပ်လိုက်တဲ့ တော့တင်ဟမ်ဟာ အသင်းကို ရေရှည်တာဝန်ယူမယ့် နည်းပြကို ခန့်အပ်ဖို့ အချိန်ပေးရှာဖွေမှာဖြစ်ပါတယ်။ အမြဲတမ်းနည်းပြခန့်အပ်ဖို့ကို တော့တင်ဟမ်အသင်း အကြီးအကဲတွေက အဓိက အာရုံစိုက်နေဆဲဖြစ်ပါတယ်။

နွေရာသီမှာ ပိုချက်တီနိုရဲ့ အသင်းသို့ပြန်လာနိုင်ချေက ဖြစ်နိုင်ချေရှိတဲ့ ရွေးချယ်စရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂယ်စမန်းနဲ့ ဘာစီလိုနာအသင်း နည်းပြဟောင်း အင်းနရစ် တို့ကလည်း ရွေးချယ်စရာထဲမှာရှိနေပါတယ်။ ဒါပေမယ့် Sky Sports Italia ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် ဂန္တဝင် ဇီဒန်းဟာလည်း တော့တင်ဟမ်အသင်းရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေပါတယ်။

အသက် ၅၀ အရွယ်နည်းပြဟာ ၂၀၂၀-၂၁ ရာသီအကုန်တွင် လော့စ်ဘလန်ကို့စ်မှ ဒုတိယအကြိမ် ထွက်ခွာခဲ့ပြီးနောက် အလုပ်လက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။ ဘာနေဗျူးမှာရှိခဲ့တဲ့ သူ့ရဲ့ပထမဆုံး နည်းပြအဖြစ် တာဝန်ယူချိန်အတွင်း မယုံကြည်နိုင်လောက်စရာ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆက်တိုက် ရရှိခဲ့ပါတယ်။ ကာတာကမ္ဘာ့ဖလားအပြီးတွင် ဒက်စ်ချမ့်စ်ဟာ လက်ရွေးစင်အသင်းကနေ ထွက်ခွာမယ်လို့ ယူဆမှုတွေရှိခဲ့ပြီး ဇီဒန်းက အဆိုပါရထူးကို ရယူသွားဖို့ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရွေးစင်အသင်းကို နှစ်ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားဖိုင်နယ်အထိ ပို့ဆောင်ပေးပြီးနောက်မှာတော့ ဒက်စ်ချမ့်စ်ဟာ ပြင်သစ်နှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။

ဇီဒန်းဟာ ပီအက်စ်ဂျီနှင့် ဆက်သွယ်မှုတွေရှိနေတာဖြစ်ပြီး ပြင်သစ်ကလပ်ဟာ ရာသီကုန်မှာ လက်ရှိနည်းပြ ဂယ်တီယာကို ထုတ်ပယ်ဖို့ရှိနေတာဖြစ်ပါတယ်။

#တော့တင်ဟမ် #ကွန်တီ #အပြောင်းအရွှေ့ #ဇီဒန်း