ရှေ့သို့
Image

မက်ဆီနဲ့ ရော်နယ်ဒိုမှာ ဘယ်သူ့ဘက်က ရပ်တည်လဲဆိုတာ ပြောခဲ့တဲ့ ခဗာရက်စကီးလီယာ

2:53 PM, 28 March

နာပိုလီ တိုက်စစ်ကစားသမား ခဗီချာခဗာရက်စကီးလီယာက လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ အသစ်စက်စက် စူပါစတားတစ်ဦးလို့ ပြောရင်မှားမယ်မထင်ပါဘူး။ ဒီကစားသမားလေးကလည်း လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒို ဘယ်သူ့ကိုရွေးမလဲဆိုတဲ့ မေးခွန်းကို ဖြေခဲ့ဖူးပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းက အမေနဲ့အဖေ ဘယ်သူ့ကိုပိုချစ်လဲဆိုတဲ့ မေးခွန်းလိုပါပဲ။ တကယ်လည်း ဒီဂန္တဝင်ကစားသမားကြီး နှစ်ယောက်က လက်ရှိအချိန်ထိကို စံချိန်တွေ တစ်ခုခုပြီး တစ်ခုချိုးနေပြီး နိုင်ငံနဲ့ကလပ်အသင်းတွေအတွက် အဓိက ကစားသမားတွေအဖြစ် ရပ်တည်နေကြတုန်းပါပဲ။ အဲ့ဒါကြောင့်လည်း ဒီမေးခွန်းက အမေးခံရတဲ့ လူတိုင်းကို အကျပ်ရပ်စေတာပါ။ ဒီရာသီ စီးရီးအေမှာ ထင်တိုင်းကြဲပြီး လုပ်သမျှဖြစ်နေတဲ့ ကစားသမား တစ်ယောက်ကို ပြပါဆိုရင်တော့ နာပိုလီကြယ်ပွင့် ခဗာရက်စကီးလီယာကို ပြရမှာပါပဲ။

ပြိုင်ဘက် ကစားသမားတွေကို လိမ်ခေါက်ကျော်ဖြတ်ရာမှာ ထူးချွန်လွန်းတာကြောင့် နာပိုလီဂန္တဝင်ကြီး မာရာဒိုနာရဲ့ နာမည်ကိုအစွဲပြုကာ ခဗာရာဒိုနာလို့တောင် နာမည်ပြောင်ရထားပါသေးတယ်။ ဆိုလိုတာကတော့ ခဗာရက်ရဲ့ ကစားပုံက မက်ဆီနဲ့ဆင်တူပြီး ၂၂ နှစ်အရွယ် ကစားသမားရဲ့ idol ကတော့ အယ်နာဆာတိုက်စစ်မှူးကြီး ရော်နယ်ဒိုပါတဲ့။

ရူဘင်ကာဇန်ကစားသမားဟောင်းက “ကျွန်တော်က ရောနယ်ဒိုရဲ့ ပရိသတ်ပါ၊ သူက ကျွန်တော့် idol ပါပဲ ဒါပေမယ့် မက်ဆီကတော့ အမြဲတမ်းထိပ်ဆုံးမှာ ရှိနေသူပဲ”ဆိုပြီး ဖြေခဲ့ပါတယ်။ ဂျော်ဂျီယာသားဟာ ဒီရာသီမှာ အီတလီကလပ်အတွက် ၁၄ ဂိုး သွင်းပြီး ၁၆ ဂိုး ဖန်တီးထားပါတယ်။

နာပိုလီမှာ ဗစ်တာအိုဆီမန်နဲ့အတွဲညီညီ ကစားကာ နည်းပြလူစီယာနိုပယ်လက်တီရဲ့အသင်းအတွက် ကြီးမားတဲ့ အကျိုးဖြစ်ထွန်းစေခဲ့ပြီး ဒီယေဂိုမာရာဒိုနာဦးဆောင်ခဲ့တဲ့ ၁၉၉၀ နောက်ပိုင်း ပထမပိုင်းလိဂ်ဖလားကြီးကို ရရှိဖို့လည်း အခြေအနေကောင်းလျက်ရှိပါတယ်။ ဒါပေမယ့် ဒီကစားသမားနှစ်ယောက်စလုံးဟာ နွေရာသီမှာ ဥရောပအသင်း အတော်များများရဲ့ ပစ်မှတ်တွေဖြစ်နေကြတာကြောင့် နာပိုလီအတွက် အကျပ်ရိုက်လျက်ရှိပါတယ်။

#နာပိုလီ #ရော်နယ်ဒို #မက်ဆီ #ခဗာရက်စ်ကီးလီယာ