ရှေ့သို့
Image

ဒီကလန်ရိုက်စ်က အာဆင်နယ်ကို ပြီးပြည့်စုံစေမယ့်သူလို့ ဝီလ်ရှီးယား ယုံကြည်နေ

9:58 AM, 28 March

အာဆင်နယ် ကွင်းလယ်လူဟောင်း ဝီလ်ရှီးယားက ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်ကို ပြီးပြည့်စုံစေမယ့်သူလို့ ယုံကြည်နေပါတယ်။

အင်္ဂလန်သားဟာ အခုလာမယ့်နွေရာသီမှာ အသင်းပြောင်းမယ်လို့ နာမည်ကြီးနေပြီး အာဆင်နယ်အပြင် အခြားပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ကလည်း ခေါ်ယူချင်နေကြပါတယ်။ အာဆင်နယ်နဲ့ ဝက်စ်ဟမ်း ၂ သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ဝီလ်ရှီးယားက အာတီတာအနေနဲ့ ရိုက်စ်ကိုခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

“သူ(ရိုက်စ်)က ဘာမဆိုလုပ်နိုင်တဲ့ကွင်းလယ်လူပါ။ ဒီကလန်ရိုက်စ်အနေနဲ့ ဘယ်အသင်းကို ပြောင်းစေချင်လဲဆိုရင် ကျွန်တော်တစ်ကိုယ်ကောင်းဆန်ရမယ်ဆိုရင် အာဆင်နယ်ကို ပြောင်းစေချင်ပါတယ်။ အာတီတာ လက်အောက်မှာ သူကပိုကောင်းလာမှာပါ။ အာတီတာက သူ့ကို တိုးတက်အောာင် လုပ်နိုင်ပါတယ်။ ပြီးတော့ အသင်းအတွက် သူ့ကို ခေါ်ယူသင့်ပါတယ်။ ကျွန်တော် ရိုက်စ်နဲ့လည်း စကားပြောဖြစ်ပါတယ်။ သူကမယုံကြည်နိုင်စရာတွေလုပ်ပြနေတာပါ။ ပြီးတော့ ဝက်စ်ဟမ်းရဲ့အသင်းခေါင်းဆောင်ပါ။ ဒါ့အပြင် အမြဲတမ်းလေ့လာနေတဲ့သူပါ”လို့ ဝီလ်ရှီးယားက ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းဘက်က သူတို့စတားကို အသင်းမှာပဲ ဆက်ထိန်းထားချင်ပေမယ့် ချန်ပီယံလိဂ်ကစားချင်တာနဲ့ ဆုဖလားအောင်မြင်မှုတွေကြောင့် လက်လွှတ်ရဖွယ်ရှိနေပါတယ်။

“ဝက်စ်ဟမ်းကိုလေးစားမှုရှိပါတယ်။ သူ့အသင်းသားလည်းဖြစ်နေဆဲပါ။ ဒါပေမယ့် အနာဂတ်က သူ့လက်ထဲမှာရှိနေတာပါ။ ကျွန်တော်ကတော့ အာဆင်နယ်ကိုသာ ပြောင်းဖြစ်ခဲ့ရင် အရမ်းစိတ်လှုပ်ရှားမိမှာပါ။ သူဘယ်ကိုသွားမလဲဆိုတာ စောင့်ကြည့်နေပါတယ်။ အာဆင်နယ်ကို ပြောင်းပါစေလို့ မျှော်လင့်ပါတယ်။ အဲ့တာဆို တကယ်ကောင်းတဲ့ ခေါ်ယူမှုဖြစ်လာမှာပါ”လို့ အင်္ဂလန်စတားဟောင်းက ပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ဂျက်ဝီလ်ရှီးယား #ကလန် ရိုက်စ် #ပရီးမီးယားလိဂ်