ရှေ့သို့
Image

ယူနိုက်တက်သို့ ရောက်ရှိလာပြီးနောက် ဆာဘစ်ဇာ ယုံကြည်မှု ပိုရှိလာတယ်လို့ ပြောကြားလိုက်တဲ့ ရန်းနစ်

1:54 PM, 27 March

ဆာဘစ်ဇာရဲ့ ယူနိုက်တက်အသင်းထံသို့ အငှားနဲ့ပြောင်းရွှေ့လာမှုက ယုံကြည်မှု တိုးလာစေတယ်လို့ ရန်းနစ်က ဝန်ခံပြောကြားလိုက်ပါတယ်။

အဇာဘိုင်ဂျန်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွင် သြစတြေးလျအတွက် ဆာဘစ်ဇာဟာ ၂ ဂိုး သွင်းယူခဲ့ပြီး ယူနိုက်တက်ယာယီနည်းပြဟောင်းလည်းဖြစ် လက်ရှိ သြစတြေးလျလက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ ရန်းနစ်ခ်က ဘိုင်ယန်မြူးနစ်ကနေအငှားလာရောက်ကစားနေတဲ့ ကွင်းလယ်ကစားသမားရဲ့ သိသိသာသာ ကွာခြားမှုကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

"ဆာဘီရဲ့ စွမ်းဆောင်ရည်က ထူးထူးခြားခြားပါပဲ၊ တခြားနည်းနဲ့တော့ ပြောလို့မရပါဘူး။ သူက အရည်အသွေးရှိပြီး ရိုးရှင်းတဲ့ကစားသမားပါ။ အပြောင်းအလဲက သူ့အတွက် ကောင်းမွန်တယ်လို့ ကျွန်တော်ထင်ပါတယ်" "သူက ဘိုင်ယန်မှာရှိတုန်းကထက် ယုံကြည်မှုပိုရှိခဲ့ပါတယ်။ ဒီပွဲမှာ ဘယ်သူမှ မလုပ်ပေးခဲ့ပေမဲ့ ဆာဘီက ၂ ဂိုး သွင်းယူပြီး ၁ ဂိုး သွင်းယူခဲ့ပြီးနောက်မှာ ကွဲပြားခြားနားတဲ့ ကစားသမားလို့ ပြောလို့ရပါတယ်" လို့ ရန်းနစ်ခ် က Laola1 သို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာပွဲစဉ်များ မစတင်မီ ဩစတြေးလျအသင်းခေါင်းဆောင်ဟာ ယူနိုက်တက်အတွက် ပထမဆုံးသွင်းဂိုးကို အိုးထရက်ဖို့ဒ်မှာ ဖူလ်ဟမ်အား ၃-၁ ဂိုးဖြင့်အနိုင်ရတဲ့ အက်ဖ်အေဖလားပွဲတွင် အနီးကပ်ပိတ်ကာ ဂိုးသွင်းယူခဲ့ပါတယ်။ သူဟာ ဇန်နဝါရီအပြောင်းအရွှေ့တွင် ဘိုင်ယန်မြူးနစ်ကနေ အငှားစာချုပ်ဖြင့် ရောက်ရှိလာခဲ့ပြီး ပွဲထွက်ခွင့်ရရှိဖို့ ခက်ခဲခဲ့သော်လည်း တန်ဟက်ရဲ့ အသင်းအတွက် ကောင်းမွန်တဲ့ ခြေစွမ်းပြသပေးထားသူဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားဟာ နောက်ထပ် ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် မတ်လ ၂၇ ရက်နေ့ အက်စတိုးနီးယားနှင့် ရင်ဆိုင်ကစားရမယ့်ပွဲမှာ လက်ရွေးစင်အသင်းကို ပြန်လည်ဦးဆောင်သင့်ကာ ဧပြီလ ၂ ရက်နေ့ ပရီးမီးယားလိဂ်ပွဲအဖြစ် နယူးကာဆယ်နဲ့ပွဲမှာလည်း ယူနိုက်တက်အတွက် ပွဲထွက်ခွင့်ရသင့်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်းနစ် #ပရီးမီးယားလိဂ် ဆာဘစ်ဇာ