ရှေ့သို့
Image

စပိန်ကို အရေးနိမ့်ခဲ့တဲ့ပွဲအတွင်း ရိုဒရီရဲ့ဖျက်ထုတ်မှုကို ပြန်လည်တုံ့ပြန်လိုက်တဲ့ အိုဒီဂတ်

10:09 AM, 27 March

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က စပိန်ကို ၃ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ပွဲအတွင်း ၁၈ ကိုက်စည်းထဲမှာ ရိုဒရီဖျက်ထုတ်မှုက ပင်နယ်တီဖြစ်သင့်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။ ပထမပိုင်းမှာတုန်းက ၁-၀ နဲ့ ပြီးသွားခဲ့ပေမယ့် အိုဒီဂတ်တစ်ယောက် ပင်နယ်တီဧရိယာနားမှာ ဖျက်ထုတ်ခံခဲ့ရကာ ကွင်းလယ်ဒိုင်ကို လက်ထောင်ပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ရိုဒရီဖျက်ထုတ်မှုနဲ့ ပတ်သက်ပြီး ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ကာ အဆိုပါဖျက်ထုတ်မှုက အိုလ်မို ဂိုးသွင်းပြီး မိနစ်ပိုင်းအကြာမှာပဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ဂျိုဆီလူက ၃ မိနစ်အကြာမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး အိုဒီဂတ်က ပွဲအပြီးမှာ ရိုဒရီရဲ့ဖျက်ထုတ်မှုကို မပျော်မရွှင်ဖြစ်နေပါတယ်။

“အဲ့တာ ပင်နယ်တီဆိုတာ ကျွန်တော် အသေအချာပြောရဲပါတယ်။ သူက ကျွန်တော့်ညာဘက် ခြေကျင်းဝတ်ကို ဒုက္ခပေးခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်အသေအချာပြောရဲတာက အဲ့တာပြစ်ဒဏ်ပေးရမှာပါ။ ကျွန်တော် ကွင်းလယ်ဒိုင်နဲ့ ပတ်သက်ပြီး ဘာမှမပြောချင်ပါဘူး။ ဘာမှမပြောတာပဲ ကောင်းပါတယ်”လို့ အိုဒီဂတ်က ပြောကြားခဲ့ပါတယ်။

နော်ဝေနည်းပြ စတာလီကတော့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို စိတ်ပျက်နေပြီး ပင်နယ်တီဖြစ်သင့်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ “အဲ့တာက အရှင်းကြီးပင်နယ်တီပါ။ ဘောလုံးမရှိတော့တဲ့အချိန်မှာ တစ်ယောက်ယောက်က ဖျက်ထုတ်ခဲ့ရင် အဲ့တာက ပင်နယ်တီပါ။ ကျွန်တော် ဒါကို နည်းနည်းလေးတော့ စိတ်ပျက်မိပါတယ်”လို့ စတာလီက ပြောကြားခဲ့ပါတယ်။

#ရိုဒရီ #အာဆင်နယ် #စပိန် #အိုဒီဂတ် #ပရီးမီးယားလိဂ်