ရှေ့သို့
Image

ဝက်ဖို့ဒ်စတား အတွက် ချဲလ်ဆီးကို အသာရယူကာ ခေါ်ယူရန် ပြင်ဆင်နေတဲ့ ယူနိုက်တက်

10:37 AM, 26 March

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းရရန် ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်ထား ခေါ်ယူရန်ကြိုပမ်းနေလျှက်ရှိတဲ့ အသက် ၁၆နှစ်အရွယ် ဝက်ဖို့ဒ်စတား ဟယ်ရီ အမ်မက်စ်ကို လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ရန် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်အချို့က ဖော်ပြလာကြတာပဲ ဖြစ်ပါတယ်။

နာမည်ကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ Evening Standard ရဲ့ ဖော်ပြချက်အရ နည်းပြ တန်ဟတ်အနေဖြင့် အင်္ဂလန်သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြကစားနေတဲ့ အသက် ၁၆ နှစ်အရွယ် ဘယ်နောက်တန်း အစွန်ကစားသမားကို အထူးတလည် စိတ်ဝင်စားမှုရှိနေပြီး ဆွေးနွေးမှုတွေက ဝက်ဖို့ဒ်အသင်းနဲ့ကြားတွင် ခရီးပေါက်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်လာနိုင်ခြေရှိနေတာပဲ ဖြစ်ပါတယ်။

ဟယ်ရီအမ်မက်စ်အတွက် နည်းပြ ပေါ့တာရဲ့ ချဲလ်ဆီးအသင်းကလည်း ခေါ်ယူရန် ပစ်မှတ်ထားနေချိန် အို့ထရက်ဖို့ဒ် အခြေစိုက်ကလပ်က လက်ဦးမှုရယူပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း လိဒ်ယူနိုက်တက်အသင်းတွင် အငှားသွားရောက်ကစားနေတဲ့ ယူနိုက်တက်အကယ်ဒမီထွက် ဂိုးသမား ဒီးန်ဟန်ဒါဆန်ကို တော့တင်ဟမ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေပြီး လန်ဒန်ကလပ်က ဆွေးနွေးမှုတွေ လုပ်ဆောင်ရန် ပြင်ဆင်လာနိုင်တဲ့အကြောင်း ESPN သတင်းဌာနက ဖော်ပြထားတာ ဖြစ်ပါတယ်။

နည်းပြတန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပုံစံကောင်းစတင်ရရှိလာတဲ့ ယူနိုက်တက်အသင်းက ကာရာဘောင်ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲထားခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲတွင် ဆီးမီးဖိုင်နယ်၊ ဥရောပယူရိုပါလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအတွင်း၌ အဆင့် ၃နေရာမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဝက်ဖို့ဒ် #အပြောင်းအရွှေ့ #အမ်မက်စ်