ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်ကနေ အာဆင်နယ်ထံ ပြောင်းတဲ့အချိန်တုန်းက ဝမ်းနည်းလို့ ငိုကြွေးခဲ့ရတဲ့ အိုဇေးလ်

10:22 AM, 26 March

အိုဇေးလ်က ၂၀၁၃ခုနှစ်က ရီးယဲလ်မက်ဒရစ်မှ အာဆင်နယ်သို့ ပြောင်းရွှေ့လာစဉ်က ငိုကြွေးမိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဆိုပါကွင်းလယ်ကစားသမားဟာ မက်ဒရစ်ကနေ အမ်းမရိတ်ကို ပြောင်းရွှေ့လာတုန်းက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေဆဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းကိုပြောင်းရွှေ့လာတဲ့ ကွင်းလယ်ထိပ်တန်းကစားသမားတစ်ဦးဖြစ်တဲ့ အိုဇေးလ်ဟာ  အမ်းမရိတ်စ်မှာ မှော်ဆန်သည့်ဖျော်ဖြေမှုများကြောင့် နာမည်ရခဲ့ပါတယ်။ ဒါပေမယ့် အိုဇေးလ်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးလောကကနေ အနားယူသွားချိန်မှာတော့  မက်ဒရစ်ကနေ ထွက်ခွာလိုခြင်း မရှိခဲ့ဘဲ  အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တဲ့ နောက်ခံအကြောင်းအရာကို ပြောခဲ့ပါတယ်။

"ကျွန်တော် မက်ဒရစ်မှာ တကယ်ပျော်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီကိစ္စတွေ ဖြစ်ပျက်ခဲ့တယ်။ ရုတ်တရက်၊ အဲဒီရာသီအစမှာ ကျွန်တော့်မှာ ကစားချိန်အများကြီးမရှိတော့ဘဲ မစ္စတာ ဖလော်ရန်တီနို ပီရက်ဇ်နဲ့ ကျွန်တော့်အဖေနဲ့ အေးဂျင့်တို့ကြား ပဋိပက္ခဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကလပ်အသစ်ကို ရှာရမယ်လို့ပြောတဲ့အချိန် ကျွန်တော့်အတွက် ခက်ခဲခဲ့ပါတယ်။ လေယာဉ်ပေါ်တက်ပြီးတာနဲ့ ကျွန်တော့်မျက်လုံးထဲက မျက်ရည်တွေ စီးကျလာတယ်။ အဲဒါက ပြီးသွားပြီဆိုတာ သိလိုက်ရတယ်" လို့အိုဇေးလ်က ပြောကြားခဲ့ပါတယ်။

အိုဇေးလ်ကို မက်ဒရစ်ကနေ ခေါ်ယူတုန်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူဟာ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတစ်ခုမှာ ကစားနေတာကြောင့် အမ်းမရိတ်ကို ပြောင်းရွှေ့ဖို သူ့ရဲ့ ဝန်လေးခဲ့ခြင်းကို နားလည်ကြောင်းနှင့် အာဆင်နယ်အသင်းကို ရောက်လာတဲ့အချိန်မှာ အိုဇေးလ်ကို တန်ဖိုးထားရမှာဖြစ်ကြောင်း အာဆင်နယ်အသင်းရဲ့တာဝန်ရှိသူတွေကလည်းပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #အိုဇေးလ်