ရှေ့သို့
Image

ချဲလ်ဆီး တိုက်စစ်မှူး အူဘာမီးယန်းကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ အင်တာမီလန်အသင်း

9:42 AM, 26 March

အင်တာမီလန်အသင်းသည် ချယ်လ်ဆီးအသင်းထံမှ အငှားဖြင့် ခေါ်ယူထားသော လူကာကူ၏  စာချုပ်သည်ရာသီကုန်တွင် ကုန်ဆုံးရန်မည်ဖြစ်ပြီး ၎င်းတို၏ တိုက်စစ်ရွေးချယ်မှုများတွင် အူဘာမီးယန်းကို ထည့်သွင်းရန် ကြိုးစားနေကြောင်း သိရပါတယ်။

အူဘာမီယန်းဟာ အင်တာမီလန်အသင်းစောင့်ကြည့်နေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း အီတလီသတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။ အူဘာမီယန်းသည် အင်တာမီလန်၏ပြိုင်ဘက် အေစီမီလန်တွင် လူငယ်ကစားသမားဘဝဖြင့် စတင်ခဲ့သော်လည်း ၎င်းတို့အတွက် အပြိုင်အဆိုင်အသွင်မဖြစ်ခဲ့ကြောင်းသိရပါတယ်။

ဂါဘွန်လက်ရွေးစင်ဟောင်းသည် ယမန်နှစ်စက်တင်ဘာလက ချဲလ်ဆီးသို့ ပြောင်းရွှေ့လာခဲ့သော်လည်း စတန်းဖိုဒ်ဘရစ်ချ်တွင် ယခုအချိန်အထိ ကောင်းမွန်စွာခြေစွမ်းမပြနိုင်ကြောင်းသိရပါတယ်။ အူဘာမီယန်းသည် လိဂ်ပြိုင်ပွဲ ၁၂ ပွဲတွင် ၁ ဂိုး သွင်းထားပြီး ဂရေဟမ်ပေါ်တာ တာဝန်ယူချိန်မှစ၍ ပုံမှန်ကစားချိန်ကို ရရှိရန် အခက်အခဲရှိနေပါတယ်။

ချဲလ်ဆီးအသင်းက အသက် ၃၃ နှစ်အရွယ် ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းထွက်နေပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ အယ်ကလက်စီကို ပွဲစဉ်မှာ ဘာစီလိုနာကို ၂-၁ ဖြင့် အနိုင်ရပြီးနောက် အူဘာမီယန်းသည် နူးကမ့်ရှိ အဝတ်လဲခန်းတွင် အောင်ပွဲခံနေသည့်ပုံကိုမြင်တွေ့ခဲ့ရပြီး  သူ့ရဲ့ကလပ်ဟောင်း ဘာစီလိုနာကို အားပေးဖို့သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီးမှာ ချဲလ်ဆီးအသင်း တာဝန်ရှိသူများက ဒေါသထွက်ခဲ့ကြောင်းသိရပါတယ်။

ရာသီကုန်တွင် လီဗာပူးမှထွက်ခွာမည့် ဖာမီနိုသည် အင်တာမီလန်တွင် အလားအလာရှိသော တိုက်စစ်ကွက်လပ်ကို ဖြည့်ရန် နောက်ထပ်ဖြစ်နိုင်ချေရှိသော အဖြေတစ်ခုဖြစ်နေပါသေးတယ်။ ဘယ်လ်ဂျီယံက ဆွီဒင်ကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ လူကာကူက ဟက်ထရစ် သွင်းယူခဲ့ပေမယ့် အင်တာမီလန်မှာ သူ့ရဲ့ရေရှည်အနာဂတ်က မသေချာသေးပါဘူး။

အူဘာမီယန်းသည် စိန့်အက်တီယန်၊ ဒေါ့မွန်၊ အာဆင်နယ်နှင့် ဘာစီလိုနာတို့တွင် ကာလရှည်ကြာ ကစားသမားဘဝကို ပိုင်ဆိုင်ထားပြီး ချဲလ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ် ဇွန်လကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် ချဲလ်ဆီးအသင်းကတော့ သူ့ကို ထိန်းထားနိုင်ဖို့ ကြိုးစားနေပုံရပါတယ်။

#ချဲလ်ဆီး #အင်တာမီလန် #အပြောင်းအရွှေ့ #လူကာကူ