ရှေ့သို့
Image

ယူကရိန်း စစ်မြေပြင်ထဲမှာ သူ့မိဘတွေရှိနေဆဲဖြစ်တယ်လို့ မာဒရစ် ထုတ်ဖော်ပြောကြား

9:38 AM, 26 March

ချဲလ်ဆီးစတား မာဒရစ်က သူ့ရဲ့မိဘတွေဟာ ယူကရိန်းစစ်မြေပြင်ထဲမှာ ရှိနေဆဲဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ရှက်တာစတားဟောင်းဟာ ဇန်နဝါရီတုန်းက ချဲလ်ဆီးအသင်းထံ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာခဲ့တာဖြစ်ပြီး သူ့မိဘတွေဆီ နေ့တိုင်းဖုန်းခေါ်နေရတယ်လို့ ဆိုပါတယ်။ မာဒရစ်ဟာ အင်္ဂလန်နဲ့ကစားမယ့်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး အင်္ဂလန်က အီတလီကို ဒီကလန်ရိုက်စ်၊ ဟယ်ရီကိန်းတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ကိန်းကတော့ ပထမပိုင်းမှာ ပင်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် အင်္ဂလန် သမိုင်းတစ်လျှောက်ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်လာခဲ့ပါတယ်။ မာဒရစ်ကတော့ ဝင်ဘာလေမှာ ရလဒ်ကောင်းတွေယူနိုင်ဖို့ အာရုံစိုက်ထားပြီး သူ့မိခင်နိုင်ငံ နဲ့ မိဘတွေကို မကူညီနိုင်ပေမယ့် အမြဲတွေးထားတယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့ပွဲမတိုင်ခင် အင်တာဗျူးမှာ အသက် ၂၂ နှစ်သားက “ကျွန်တော့်မိဘတွေ ယူကရိန်းစစ်မြေပြင်ထဲမှာရှိနေဆဲပါ။ နေ့တိုင်း သူတို့ကိုဖုန်းခေါ်ပြီး အခြေအနေမေးဖြစ်ပါတယ်။ အရာအားလုံးက တိုင်းပြည်အပေါ်မှာပဲ မူတည်ပါတယ်။ ဒါ့အပြင် မာဒရစ်က အင်္ဂလန်ရဲ့ကူညီပေးမှုကိုလည်း ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခြေအနေကတော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက ယူကရိန်းအခြေအနေကို ကျွန်တော့်ကိုမေးကြပါတယ်။ ကျွန်တော့်နိုင်ငံကို ကူညီတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”လို့ မာဒရစ်က ပြောကြားခဲ့ပါတယ်။

မာဒရစ်နည်းတူ အာဆင်နယ်စတား ဇင်ချန်ကိူကလည်း ယူကေရဲ့ရပ်တည်ပေးမှုအတွက် ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“အခုအခြေအနေက ခက်ခဲနေတာပါ။ မင်းတို့ရဲ့ကူညီမှုမပါရင် ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ကူးတောင်မယဉ်နိုင်ပါဘူး။ ကျွန်တော် ကျူးကျော်မှုအပြီး ပထမဆုံးလကို မှတ်မိပါသေးတယ်။ ဆိုင်တစ်ဆိုင်ကိုသွားချိန်မှာ ကလေးတွေက ကျွန်တော့်ဆီလာပြီး မေးကြသလို ပြောလည်းပြောကြပါတယ်။ ငါတို့အားလုံးမင်းနဲ့အတူရှိတယ်။ မင်းအတွက် ဆုတောင်းပေးနေတယ်။ မင်းအဆင်ပြေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒီကလေးတွေရဲ့ပြောစကားက အရမ်းကို အားတက်စေပါတယ်။ ကလေးတွေကလည်း မင်းနဲ့အတူရှိနေတယ်ဆိုတာပြသနေပါတယ်။ ပြီးတော့ ယူကရိန်းစစ်တပ်ကိုလည်း ကျေးဇူးတင်ပါတယ်။  ဒါကြောင့် ကျွန်တော် ဘောလုံးဆက်ကစားနိုင်တာပါ။ ယူကရိန်းအတွက် ဆက်ကစားနိုင်တာပါ။ ဒီအသင်းကို ကိုယ်စားပြုရတာ လူတိုင်းအတွက် ဖိအားတွေများတယ်ဆိုတာ နားလည်ပါတယ်။ ကျွန်တော်တို့မှာ တာဝန်အပြည့်ရှိပါတယ်”လို့ ဇင်ချန်ကိုက ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ပရီးမီးယားလိဂ် #မာဒရစ်ခ်