ရှေ့သို့
Image

နော်ဝေကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ စပိန်၊ တော်မီနေး နှစ်ဂိုးသွင်းခြင်းနဲ့အတူ ယူရိုခြေစစ်ပွဲစနေညပွဲစဉ်များ သုံးသပ်ချက်

9:06 AM, 26 March

စပိန်အသင်းဟာ ယူရို၂၀၂၄ခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ နော်ဝေကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။
စပိန်တို့ ပွဲစကတည်းက ဘောလုံးကိုင်ကစားခဲ့ပြီး ၁၃မိနစ်မှာ ဘယ်လ်ဒီရဲ့ ဖြတ်တင်ဘောက အိုလ်မိုနဲ့ထိကာ ဂိုးဝင်သွားလို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။

နော်ဝေအသင်းကလည်း အိုဒီဂတ်ရဲ့ ကန်ချက်ကြောင့် ချေပဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးသမားကီပါ ကာကွယ်သွားပါတယ်။ ဒုတိယပိုင်းမှာ နော်ဝေအသင်းက ချေပဂိုးရဖို့ တောက်လျှောက်ထိုးဖောက်ခဲ့ပြီး ဟာလန်းသာပါရင်  အခြေအနေက တစ်မျိုးပြောင်းလဲသွားနိုင်ပါတယ်။

မိနစ်၈၀ကျော်မှာ ဆော်လော့ နော်ဝေအတွက် ချေပဂိုးရဖို့ အကောင်းဆုံး အခွင့်အရေးအဖြစ် အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။ နော်ဝေအသင်းဟာ သူတို့ရဲ့ အဆုံးသတ်အားနည်းမှုတွေကြောင့် ပေးဆပ်လိုက်ရပြီး စပိန်အတွက် ဂျိုဆယ်လူးက ၈၄နဲ့ ၈၅မိနစ်တွေမှာ ဂိုးတွေ ဆက်တိုက်သွင်းခဲ့လို့ ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရပါတယ်။

စကော့တလန်အသင်းကတော့ အစောပိုင်းပွဲအဖြစ် ကစားခဲ့ပြီး ဆိုက်ပရက်စ်ကို ဂိုးပြတ်နိုင်ခဲ့ပါတယ်။
စကော့တလန်အသင်းဟာ ပွဲအစကတည်းက ကစာကွက်အသာစီးနဲ့ ကစားခဲ့ပြီး ၂၁မိနစ်မှာတင် မက်ဂင်းရဲ့ ဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း စကော့တလန်တို့ အခွင့်အရေးတွေ ဆက်တိုက်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

၁-၀နဲ့ ပွဲပြီးပြီလို့ ထင်ခဲ့ပေမယ့် မိနစ်၈၀မှ လူစားဝင်လာတဲ့ ယူနိုက်တက်ကွင်းလယ်လူ တော်မီနေးက ပွဲပြီးခါနီး နှစ်ဂိုးဆက်တိုက် သွင်းခဲ့လို့ စကော့တလန်အသင်း အဖွင့်လှခဲ့ပါတယ်။

အခြားပွဲစဉ်ရလဒ်များ
-----------------
ဝေးလ် ၁-၁ ခရိုအေးရှား
အန်ဒိုရာ ၀-၂ ရိုမေးနှီးယား
အာမေးနီးယား ၁-၂ တူရကီ
အစ္စရေး ၁-၁ ကိုဆိုဗို
ဘီလာရုဇ် ၀-၅ ဆွစ်ဇာလန်

#နော်ဝေ #စပိန် #ခရိုအေးရှား ယူရို၂၀၂၄ခြေစစ်ပွဲ