ရှေ့သို့
Image

အာဆင်နယ်အတွက် ကစားခွင့်ရတာနဲ့ပတ်သက်ပြီး ဝန်ခံပြောကြားလိုက်တဲ့ ထရိုဆက်

5:18 PM, 25 March

ဘရိုက်တန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက အာဆင်နယ်မှာ ကစားခွင့်ရတာနဲ့ပတ်သက်ပြီး အံ့သြမိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

စွယ်စုံရဘယ်လ်ဂျီယံသားဟာ အာဆင်နယ်အသင်း မူဒရစ်ခ်ကို လွဲချော်ခဲ့ပြီးနောက် ပေါင် ၂၇ သန်းနဲ့ ဘရိုက်တန်ကနေ အာဆင်နယ်ထံပြောင်းလာခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့် မူဒရစ်ခ်ကတော့ ချဲလ်ဆီးမှာ အထိုင်ကျဖို့ ရုန်းကန်နေရပေမယ့် ထရိုဆက်ကတော့ အာဆင်နယ်မှာ ခြေစွမ်းပြနေတာဖြစ်ပါတယ်။

အန်ကီတီးယားကို ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက false nine သုံးခဲ့ရပေမယ့် အင်္ဂလန်သား ဒဏ်ရာရသွားခဲ့ပြီးနောက် ထရိုဆက်က အာဆင်နယ်ရဲ့တိုက်စစ်ကို ဦးဆောင်လာခဲ့ပြီး ၁ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးနိုင်ခဲ့ကာ ဖူလ်ဟမ်ကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဦးတည်း ၃ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ထရိုဆက်က အာဆင်နယ်အသင်းနဲ့အစပိုင်းကို ပြောပြခဲ့ပြီး “ကျွန်တော် အာဆင်နယ်မှာ ဒီလောက်မိနစ်တွေပါဝင်ခွင့်ရမယ်လို့ မမျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေက ကျွန်တော့်ကို ကူညီခဲ့ပါတယ်။


အခုဆို ကျွန်တော်ထင်ထားတာထက်ပိုကစားခွင့်ရနေတာပါ။ ကျွန်တော် ကောင်းမွန်တဲ့အုပ်စုထံရောက်လာခဲ့တာပါ။ ထိပ်တန်းကစားသမားတွေနဲ့ပြည့်နေတာပါ။

သူတို့ကြောင့်လည်း ကျွန်တော် အလျင်အမြန်အထိုင်ကျခဲ့တာပါ။ ကျွန်တော့်အရမ်းကို အလုပ်များခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အာဆင်နယ်ကိုပြောင်းခွင့်ရလို့ အရမ်းပျော်ပါတယ်။ ကျွန်တော့်အတွက် နောက်တစ်ဆင့်တက်နိုင်ခဲ့ပါပြီ”လို့ ထရိုဆက်က ပြောကြားခဲ့ပါတယ်။


ဂျီးဆပ်စ်မပါနိုင်ချိန်မှာ ထရိုဆက်က မိနစ်ပိုကစားခွင့်ရခဲ့ပြီး ဂျီးဆပ်စ်က ဖူလ်ဟမ်နဲ့ပွဲမှာမှ လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် အာတီတာက ဘယ်သူမှအသင်းမှာ ပွဲထွက်ခွင့်အတွက် အာမခံချက်မရှိပါဘူးလို့ သတိပေးပြောကြားခဲ့ပါတယ်။

“ဂျီးဆပ်စ်ပြန်လာနိုင်တာက ကောင်းပါတယ်။ ဒါပေမယ့် အသင်းမှာက အလှည့်ကျစနစ်နဲ့သွားမှာဖြစ်သလို ပွဲထွက်ခွင့်အတွက် ဘယ်သူမှအားမခံချက်မရှိပါဘူး။ အသင်းကို အများကြီးကူညီနိုင်တဲ့သူက ပွဲထွက်ခွင့်ပိုရမှာပါ။


ကျွန်တော်တို့မှာ ထိပ်တန်းကစားသမားတွေရှိပြီး အဆင်ပြေအောင်လုပ်နေရပါတယ်။ သူတို့ရဲ့ကြံ့ခိုင်မှုပိုင်းကော နေရာအတွက်ပါ လုပ်ဆောင်ရပါတယ်။ ထရိုဆက်က ဂျီးဆပ်စ်နဲ့မတူညီတဲ့အရည်အချင်းရှိပါတယ်။ အိုဒီဂတ်ကလည်းအသင်းကို အများကြီးကူညီပေးနိုင်ပါတယ်။ ပြီးတော့ အသင်းမှာ စွယ်စုံရကစားသမားတွေရှိနေတာက တကယ်ကောင်းပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ထရိုဆက် #ပရီးမီးယားလိဂ်