ရှေ့သို့
Image

ကမ္ဘာ့ဖလားအောင်ပွဲခံမှုအတွင်း ပြင်သစ်ကို သီချင်းသီဆို လှောင်ပြောင်မှုမှာ မက်ဆီပါဝင်ခဲ့

5:16 PM, 25 March

ကမ္ဘာ့ဖလားအောင်ပွဲခံမှုမတိုင်ခင် မက်ဆီတစ်ယောက် ပြီးခဲ့တဲ့ ပနားမားအသင်းနဲ့ပွဲမှာ အာဂျင်တီးနားအတွက် ဂိုး ၈၀၀ ပြည့်ခဲ့သွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီဟာ ဒီဇင်ဘာလတုန်းက ကာတာကမ္ဘာ့ဖလားသူရဲကောင်းအဖြစ် ပြန်လာခဲ့တာဖြစ်ပြီး နိုင်ငံအသင်းအပြင် ပရိသတ်တွေရဲ့အချစ်ကိုပါ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။


အသက် ၃၅ နှစ်သားဟာ လာမယ့် ၂၀၂၄ ကမ္ဘာ့ဖလားမှာလည်း ပါဝင်ချင်နေပြီး ပြီးခဲ့တဲ့ညက စွမ်းဆောင်ရည်အနည်းငယ်ကျဆင်းခဲ့ပေမယ့် ဖရီးကစ်ကနေ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားမှာ ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး မက်ဆီ နဲ့ မက်ပီတို့ အားပြိုင်မှုကို မြင်ခဲ့ရတာဖြစ်ပါတယ်။


ပီအက်စ်ဂျီစတားဟာ ပြင်သစ်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပြီး သီချင်းနဲ့သရော်တာကို ပြီးခဲ့တဲ့နှစ်အဝတ်လဲခန်းထဲမှာ မာတီနက်ဇ်က စတင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားအပြီးကတည်းက ပရိသတ်တွေအရှေ့မှာ ပထမဆုံးကစားခဲ့ရတာဖြစ်ပြီး ဖျော်ဖြေမှုအပြင် စိတ်ခံစားမှုအပြည့်ပါ မြင်ခဲ့ရတာဖြစ်ပါတယ်။


“ကမ္ဘာ့ဖလားသာမက ကိုပါအမေရိကပါ သူတို့က  အကောင်းဆုံးအားပေးခဲ့ကြသလို အသိအမှတ်ပြုမှုလည်းရခဲ့ပါတယ်။ ကျွန်တော် ဒီဖလားအတွက် အရာအားလုံးပေးဆပ်ခဲ့ပါတယ်”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။

နည်းပြ စကာလိုနီကလည်း ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး “ဒီကစားသမားတွေက ကျေးဇူးအများကြီးတင်ရမှာပါ။ ဘောလုံးက သူတို့နဲ့ သက်ဆိုင်ပါတယ်။ သူတို့မရှိပဲ ဒီဖလားမရပါဘူး။ လူတိုင်းက ဒီအကျီဝတ်ဖို့ ထိုက်တန်ပါတယ်။


တစ်ခါတလေမှာ ရလဒ်တွေက ထင်ထားသလိုတော့ ဖြစ်မလာနိုင်ပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့လုပ်နိုင်ခဲ့ပါတယ်”လို့ စကာလိုနီက ပြောကြားခဲ့ပါတယ်။


#အာဂျင်တီးနား #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား