ရှေ့သို့
Image

အာဆင်နယ်ကို ငြင်းပယ်ခဲ့တဲ့ မာဒရစ်အား ဘာပြောခဲ့သလဲဆိုတာ ဖွင့်ဟလိုက်တဲ့ ဇင်ချန်ကို

2:37 PM, 25 March

ဥရောပဘောလုံးလောကရဲ့ အဆင့်တန်းမြင့်တယ်လို့ သတ်မှတ်ခြင်းခံထားရတဲ့ လူငယ်တိုက်စစ်မှုးတစ်ဦးကို ခေါ်ယူဖို့ အာဆင်နယ်ဟာ ကလပ်စံချိန်တင်ပြောင်းရွေ့ကြေးဖြင့် ကြိုးပမ်းခဲ့ပါတယ်။


ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ အသင်းထံသို့ ပြောင်းရွှေ့ချင်ကြောင်းကို မာဒရစ်က လျှို့ဝှက်ထားခြင်းမရှိဘဲ ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ခဲ့ကာ အင်တာဗျူးတစ်ခုတွင်လည်း သူ့ရဲ့အိပ်မက်က မြောက်လန်ဒန်သို့ပြောင်းရွှေ့ဖို့ ဖြစ်ကြောင်း ဇန်ချန်ကိုရဲ့ဇနီးဖြစ်သူ ဂျာနယ်လစ် ဗလာဒါဆီဒန်ကို ပြောခဲ့တာဖြစ်ပါတယ်။


အဖြစ်အပျက်များ ဖြစ်ပျက်လာသောအခါတွင် အာဆင်နယ်ဟာ ရှက်တာဒိုးနက်နှင့် ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုမရရှိခဲ့ဘဲ ယူကရိန်းကလပ်ရဲ့ တန်ကြေးသတ်မှတ်မှုကို လိုက်လျောရန် ငြင်းဆိုခြင်းကြောင့် ချယ်လ်ဆီးနှင့် ဘိုလီတို့အတွက် အခွင့်အရေးရရှိစေခဲ့ပါတယ်။


ရှက်တာဒိုးနက်ရဲ့တောင်းဆိုမှုအတိုင်း ချဲလ်ဆီးက ပေးချေခဲ့တာကြောင့် မူဒရစ်ကိုယ်တိုင်ကလည်း ရွေးချယ်စရာမရှိခဲ့ကာ စတန်းဖို့ဒ်ဘရစ်ချ်နှင့် စာချုပ်ချုပ်ဆိုခဲ့ရတာကြောင့် ဇင်ချန်ကိုက စိတ်ပျက်ခဲ့ရတာဖြစ်ပါတယ်။


သူက Daily Mail သို့ "အခြားသူက လိုချင်သည်ဖြစ်စေ မင်းကပဲလိုချင်သည်ဖြစ်‌စေ အားလုံးပြီးသွားပြီလို့ သူ့ကို ကျွန်တော်ပြောခဲ့ပါတယ် "


"အခု မင်းက ချဲလ်ဆီးကစားသမားဖြစ်နေပြီ၊ နှစ်ရှည်စာချုပ် ချုပ်ဆိုထားပြီး မင်းမှာ ရွေးချယ်ခွင့်တစ်ခုပဲရှိတယ်၊ အဲ့ဒီနည်းလမ်းက ရှေ့ဆက်ဖို့ပါပဲ"


"ကံမကောင်းစွာဘဲ သူက အာဆင်နယ်ကစားသမားဖြစ်မလာခဲ့ဘူး ဒါကဘဝပါ" လို့ ပြောပါတယ်။ 


အာဆင်နယ်ဟာ မာဒရစ်ကို မခေါ်ယူနိုင်ခဲ့တာကြောင့် ဘရိုက်တန်က ထရိုဆက်ကို ခေါ်ယူခဲ့ပြီး အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ်မှာ လိုက်လျောညီထွေဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်။


လီဗာပူးနှင့်ပွဲဦးထွက်မှာခြေစွမ်းပြသခဲ့ပြီး  နောက်ထပ် ၆ ပွဲမှာ အသင်းအတွက် ကူညီပေးခဲ့သော်လည်း ဂရေဟမ်ပေါ်တာရဲ့ ပွဲထွက် ၁၁ ဦးစာရင်းမှာ အမြဲတမ်းပါဝင်နိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။


ဇင်ချန်ကိုနဲ့ အာဆင်နယ်တို့ကတော့ နှစ် ၂၀ အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဆုဖလားဆီသို့ မဆုတ်မနစ် ကြိုးစားကာ ချီတက်နေပြီဖြစ်ပါတယ်။


နွေရာသီအပြောင်းအရွှေ့ကာလတွင် မန်စီးတီးကနေရောက်လာခဲ့တဲ့ ဇင်ချန်ကိုဟာ အာတီတာရဲ့အသင်းဟာ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။


ဇင်ချန်ကိုရဲ့ နည်းစနစ်ပိုင်းစွမ်းရည်နှင့် စိတ်အားထက်သန်မှုက အာဆင်နယ်အသင်းသို့ ရောက်ရှိကတည်းက လျင်မြန်တဲ့ တိုးတက်မှုအတွက် အဓိကအချက်ဖြစ်ပြီး မန်စီးတီးတွင် သူနှင့်အတူအလုပ်လုပ်ခဲ့တဲ့ အာတီတာကို ယူကရိန်းနိုင်ငံသားက ချီးကျူးပြောဆိုထားပါတယ်။


"၂၀၁၉ ခုနှစ် သူ အသင်းကနေ ထွက်ခွာတုန်းက ကျွန်တော်မှတ်မိပါသေးတယ်။ ကျွန်တော့်ရဲ့ ခံစားချက်တွေကို မထိန်းနိုင်ခဲ့ပါဘူး။ သူက ကျွန်တော့်အတွက် အရမ်းကိုထူးခြားတဲ့အတွက် မထိန်းနိုင်ခဲ့တာပါ"


"သူဟာ လူသားတစ်ယောက်အနေနဲ့ မယုံနိုင်လောက်အောင်ကို အများကြီး သင်ကြားပေးခဲ့ပြီး လေ့ကျင့်ရေးတွေ ပြီးတိုင်းမှာ လူငယ်ကစားသမားတွေနဲ့ လက်တွဲလုပ်ဆောင်ပုံ၊ လူတိုင်းကို ပေးနေတဲ့ အကြံဉာဏ်တွေက ကျွန်တော့်အတွက် မယုံနိုင်လောက်အောင် အရေးကြီးတဲ့အရာပါ" လို့ ဇင်ချန်ကိုက ပြောပါတယ်။


အာတီတာက ဘာတွေထူးခြားအောင် လုပ်ပေးတာလဲလို့မေးရာတွင် ဇင်ချန်ကိုက "ဘောလုံးကို မြင်တဲ့ သူ့ရဲ့အမြင်၊ သူ့စရိုက်၊ သူ့စိတ်ဓာတ်တွေပါ။ သူက အောင်နိုင်သူဖြစ်ပြီး လူတိုင်းက အနိုင်ယူရတာကို နှစ်သက်ပါတယ်"


"တစ်နေ့ကျရင် ကျွန်တော် မန်စီးတီးကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်မှာ ဆက်နေမယ်ဆိုရင် ကျွန်တော့်ရဲ့နည်းပြက အာတီတာ တစ်ဦးတည်းသာဖြစ်လာမှာပါလို့ ကျွန်တော့်ရဲ့ အသိုင်းအဝိုင်းကို ပြောဖူးပါတယ်" 


'"အဲဒီအပြောင်းအရွှေ့ကာလမှာ သူကျွန်တော့်ကို ပထမဆုံးအကြိမ် ဖုန်းခေါ်တုန်းက ဒါပဲပြောခဲ့တာပါ" လို့ ဖြေပါတယ်။

#အာဆင်နယ် #ဇင်ချန်ကို #ပရီးမီးယားလိဂ် #မာဒရစ်ခ်