ရှေ့သို့
Image

ယူကရိန်းအတွက် ရန်ပုံငွေရှာဖွေရန် ဘောလုံးပွဲစဉ်ကို စတန်းဖို့ဒ်ဘရစ်ချ်တွင် ကျင်းပဖို့သဘောတူလိုက်တဲ့ တော့ဒ်ဘိုလီ

2:28 PM, 25 March

ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီ သည် ယခုနှစ်နွေရာသီတွင် ယူကရိန်းအတွက် အာဆင်နယ်နောက်ခံလူဇင်ချန်ကို၏ ပရဟိတဘောလုံးအသင်းအကူအညီဖြင့် ကြယ်ပွင့်ရန်ပုံငွေပွဲတစ်ပွဲကို လက်ခံကျင်းပရန် သဘောတူညီခဲ့ကြောင်း သတင်းများအရ သိရပါတယ်။


ချဲလ်ဆီးအသင်း၏ ဇန်နဝါရီလတွင်ခေါ်ယူခဲ့သော မူဒရစ်သည်လည်း ဩဂုတ်လတွင် စတန်းဖို့ဒ်ဘရစ်၌ကျင်းပမည့် အဆိုပါ ရန်ပုံငွေပွဲတွင် ပါဝင်မည်ဖြစ်ကြောင်းသိရပါတယ်။


ဇင်ချန်ကိုသည် သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံအားရုရှားနိုင်ငံမှ ကျူးကျော်ဝင်ရောက်ပြီးကတည်းက ယူကရိန်းအတွက် ပြတ်ပြတ်သားသား ထောက်ခံသူဖြစ်ပါတယ်။


အိုးမဲ့အိမ်မဲ့ ယူကရိန်း ဒုက္ခသည်များကို ကူညီရန်နှင့် စစ်ပွဲကြောင့် ထိခိုက်ခဲ့ရသည့် အဓိက အဆောက်အဦများ ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေသည့် ၎င်း၏ ပရဟိတ အဖွဲ့သည် ရန်ပုံငွေ ကောက်ခံခြင်းနှင့် အသိပညာပေးသည့် ပွဲများစွာကို စီစဉ်ရန် ကြိုးပမ်းနေကြောင်းသိရပါတယ်။


အဆိုပါပွဲစဉ်တွင် ဇင်ချန်ကိုနှင့် မူဒရစ်တို့အပြင် အဲဗာတန်မှ မိုင်ကိုလန်ကို နှင့် ဘုန်းမောက်မှ ဇဘရာနီတို့ကဲ့သို့သော ယူကရိန်းကစားသမားများလည်း ပါဝင်လာမှာဖြစ်ပါတယ်။


၂၀၂၃-၂၀၂၄ ရာသီမစတင်မီတွင် ကစားမည့် အဆိုပါပွဲစဉ်ကို ပရီးမီးယားလိဂ်မှ ကြယ်ပွင့်များနှင့် နိုင်ငံတကာထိပ်တန်းလိဂ်များမှ အခြားကစားသမားများအား ဆွဲဆောင်ရန် မျှော်လင့်နေကြောင်းသိရပါတယ်။


တော့ဘိုလီသည် ၂၀၂၂ခုနှစ် မေလတွင် ကလပ်ကိုဝယ်ယူပြီးနောက် မြောက်လန်ဒန်နှင့်တောင်ဘက်လန်ဒန်အသင်း ကြယ်ပွင့်များနှင့်ကစားမည့်ပြိုင်ပွဲကို တောင်းဆိုခဲ့သော်လည်း ဤအကြံအစည်သည် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။


အာဆင်နယ်နောက်ခံလူသည် ချဲလ်ဆီးနှင့် အေစီမီလန်ကစားသမားဟောင်း ရှက်ဖ်ချင်ကို ထံမှ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံမှုရရှိခဲ့ပြီး ၎င်း၏စီးပွားရေးလုပ်ဖော်ကိုင်ဖက် အာတီမီ ရာဘေ့ာဗ် နှင့် ယူကရိန်းအတွက် ဘောလုံးပြိုင်ပွဲများကို ကျင်းပဖို့လုပ်ဆောင်ခဲ့ပါတယ်။


၎င်းတို့၏ အစီအစဉ်များတွင် ယူကရိန်းမြိုတော်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများဖြစ်ကြတဲ့ ကိဗ် ဗိုလန်တီယာ နှင့် မူကာချီဗို ရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အတွက် ရန်ပုံငွေရှာဖွေခြင်းများ ပါဝင်ပါတယ်။


၎င်းတို့သည် ချဲလ်ဆီး၊ အာဆင်နယ်ဖောင်ဒေးရှင်း၊ ပူးမား၊ နစ်ကီနှင့် ကွန်မန်းဂိုး ကဲ့သို့သော အဖွဲအစည်းများ၏ ကြီးမားသော ကျောထောက်နောက်ခံကို ရရှိထားတာဖြစ်ပါတယ်။


အင်တာဗျူးတစ်ခုမှာ ဇင်ချန်ကိုက စစ်ဘေးသင့်နိုင်ငံကို ကူညီဖို့ 'အကောင်းဆုံးကြိုးစားနေပါတယ်' လို့ အလေးပေးပြောကြားခဲ့ပါတယ်။


ကျူးကျော်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအတွက် မက်ဆေ့ချ်များကို မျှဝေရာတွင် ဇင်ချန်ကိုက “အားတင်းထားပါ၊ ငါတို့ အနိုင်ရမှာ သေချာပါတယ်… အနာဂတ်မှာ အရာအားလုံး အဆင်ပြေသွားမှာပါ။ အဲဒါ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ ယူကရိန်းနိုင်ငံသားအားလုံးရဲ့ စိတ်ဓာတ်ကို ကျွန်တော်သိတယ်။"လို့ ရေးသားခဲ့ပါတယ်။


ချဲလ်ဆီးအသင်းသည် ဇန်နဝါရီတွင် မူဒရစ် ကိုခေါ်ယူခဲ့ပြီးနောက် ပဋိပက္ခဖြစ်ရပ်များအပြီးတွင် ယူကရိန်းကလပ် ရှက်တာဒိုးနက် နှင့် ကစားရန် နှုတ်ဖြင့်သဘောတူခဲ့ကြောင်းသိရပါတယ်။


ရှက်တာဒိုးနက်ကလပ်အသင်းဥက္ကဌ အက်ခ်မီတော့ဗ် က သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားရာမှာ အရည်အချင်းရှိတဲ့ တောင်ပံကစားသမားဟာ ပြောင်းရွှေ့ကြေး ပေါင် ၈၈ သန်းနဲ့ ရှက်တာဒိုးနက်မှထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။


အက်ခ်မီတော့ဗ် သည် ရုရှားတို့၏ ကြောက်စရာကောင်းပြီး တရားမျှတမှုမရှိသောစစ်ပွဲ တွင်လည်း ယူကရိန်းအနိုင်ရမည်ဟု ယုံကြည်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။


''ကျွန်တော်တို့ဟာ ယူကရိန်းနိုင်ငံ ဒိုးနတ်မြို့ မှာရှိတဲ့ ဒွန်းဘတ်ကွင်းမှာ ချဲလ်ဆီးအသင်းနဲ့ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားမှာဖြစ်ပါတယ်။


ယူကရိန်းစစ်သားများ၏ မိသားစုများကို ပံ့ပိုးကူညီရန်အတွက် အသစ်ဖန်တီးထားသော အက်ဇ်ဗော့်စ်တယ်ရဲ့နှလုံးသားပရဟိတအဖွဲအား ထောက်ပံ့ရန်အတွက် မူဒရစ် ၏ရောင်းချမှုမှ ရရှိသည့်ငွေ ပေါင် ၂၀.၅ သန်းကို အက်ခ်မီတော့ဗ်က လှူဒါန်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


မူဒရစ်သည် ဇင်ချန်ကိုကစားနေသော အာဆင်နယ်အသင်း၏အချိန်ကြာမြင့်စွာအာရုံစိုက်မှုကိုဆန့်ကျင်ပြီးနောက် ချဲလ်ဆီးအသင်းကိုပြောင်းရွေ့ခဲ့ခြင်းကို ဇင်ချန်ကိုက "ဒါဟာ ဘဝပဲဖြစ်ပါတယ်"လို့ ဖွင့်ဟခဲ့ပါတယ်။


၎င်းတိုနှစ်ဦးသည် တနင်္ဂနွေနေ့တွင်  ယူကရိန်း၏ ပထမဆုံး ယူရို ၂၀၂၄ ခြေစစ်ပွဲပွဲစဉ်အဖြစ် အင်္ဂလန်နှင့် ဝင်ဘာလေကွင်းတွင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။


အဆိုပါပွဲအတွက် အခမဲ့ လက်မှတ် ၁၀၀၀ ကို ကျူးကျော်မှုမှ ထွက်ပြေးခဲ့သူများအပြင် ၎င်းတို့အား ခိုလှုခွင့်ပေးထားသည့် မိသားစုများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရပါတယ်။


#ချဲလ်ဆီး #တော့ဒ်ဘိုလေ #ပရီးမီးယားလိဂ်