ရှေ့သို့
Image

ဆာကာထံမှ စွမ်းဆောင်ရည်ပိုင်းနှင့်စိတ်ဓါတ်ပိုင်းဆိုင်ရာများအား သင်ယူနေရကြောင်း ပြောကြားလိုက်တဲ့ ဖိုဒန်

10:52 AM, 25 March

မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဖိုဒန်သည် ယူရို ၂၀၂၀ တွင် ဝမ်းနည်းကြေကွဲမှုအပေါ် အာဆင်နယ်ကြယ်ပွင့် ဆာကာမှ တုံပြန်ပုံကိုကြည့်ပြီး လှုံ့ဆော်မှုယူခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။


ဆာကာသည် ပင်နယ်တီလွဲချော်မှုကြောင့် အင်္ဂလန်အသင်းဟာ ဝင်ဘာလေကွင်းတွင် အီတလီအားရှုံးနိမ့်ခဲ့ပြီး ဥရောပချန်ပီယံဆုကို ဆုံးရှုံးခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်နောက်ပိုင်း အင်္ဂလန်၏ပထမဆုံးသောဆုဖလားမျှော်လင့်ချက်အား အဆုံးသတ်စေခဲ့သောကြောင့် ရွံရှာဖွယ်လူမျိုးရေးခွဲခြားမှုများနှင့်ကြုံတွေ့ခဲ့ရပြီး ၎င်း၏ပင်နယ်တီလွဲချော်မှုကိစ္စနှင့်ပက်သက်၍ နှစ်နှစ်နီးပါးမျက်ရည်ကျခဲ့ရပါတယ်။


ဒါပေမယ့်ယခုအခါ ဆာကာ ဟာ အာဆင်နယ် အသင်း ရဲ့ အမာခံသမား ဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးကို ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ၁၀ ကြိမ်အထိဂိုးဖန်တီးမှု ပြုလုပ်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။ ဖိုဒန်သည် ခြေဖဝါးဒဏ်ရာကြောင့် ဥရောပဖိုင်နယ်ကို လွဲချော်ခဲ့ပေမယ့် ဆာကာ ကိုကြည့်ပြီး စိတ်ဓါတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုရယူခဲ့ရပါတယ်လို့ပြောကြားခဲ့ပါတယ်။


"သေချာပါတယ်၊ ကျွန်တော် သူ့ဆီကနေ သင်ယူခဲ့ပါတယ်။ သူ ဒီပင်နယ်တီ လွဲချော်မှုကို ကလပ် နဲ့ နိုင်ငံ အတွက် ကွင်းထဲမှာ သူ့ရဲ့ စွမ်းဆောင်မှုတွေနဲ့ လှည့်စားသွားခဲ့ပါတယ် ။ သူက အရမ်းချစ်စရာကောင်းပြီး လူတိုင်းက သူ့ကိုချစ်တယ်။ သူက ကျွန်တော်တို့ ဒီမှာလုပ်နေတဲ့ ရေရှည်ရည်မှန်းချက်အတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါ။ ဒါက သူဘယ်လိုလူလဲဆိုတာကို ပြတယ်။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ကစားပွဲတွေအကြောင်း သင်ယူနေဆဲပါ။ ဒီလိုမျိုးသူ့ကိုဖိနှိပ်မှု တစ်ခုခုကနေ ပြန်လာဖို့ သူ့မှာ သတ္တိရှိပြီး သူဘယ်လောက် တိုးတက်လာတယ်ဆိုတာ ပြသခဲ့တာပါပဲ။ ကျွန်တော် သူ့အတွက် အရမ်းပျော်ပါတယ်။"ဟု ဖိုဒန်ကပြောကြားခဲ့ပါတယ်။


ဖိုဒန် သည် ကာတာတွင်ကျင်းပခဲ့သော ဆောင်းရာသီကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဘယ်တောင်ပံရှိ ဂရီးလစ် ၏ ကောင်းမွန်သောပုံစံကြောင့် မန်စီးတီးအသင်းအတွက် ပွဲထွက်ခွင့်အနည်းငယ်သာ ရရှိခဲ့ရပါတယ် ။ ဒါပေမယ့် အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ဖေဖော်ဝါရီကနေ မတ်လအထိ သုံးပွဲကစားပြီး လေးဂိုးသွင်းကာ ဂိုးဖန်တီးတစ်ခုမှု ပြုလုပ်ထားပြီး သူ့အရည်အချင်းတွေကိုသက်သေပြဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

#မန်စီးတီး #ဖိုဒန် #ပရီးမီးယားလိဂ်