ရှေ့သို့
Image

အန်ဆယ်လော့တီ ဘရာဇီးသို့သွားပါက ရီးရဲလ်မက်ဒရစ်နည်းပြ ဖြစ်လာဖို့ရှိနေတဲ့ နာဂယ်စ်မန်း

10:49 AM, 25 March

နာဂယ်စ်မန်းဟာ ရီးရဲလ်မက်ဒရစ်ရှိ အန်ဆယ်လော့တီရဲ့နေရာကို ဆက်ခံဖို့ အလားအလာရှိတဲ့ နည်းပြတစ်ဦးဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။ ဘွန်ဒက်စ်လီဂါ အသင်းကြီးဟာ ဆုဖလား ၃ လုံး လမ်းကြောင်းပေါ်မှာဆက်ရှိနေပေမယ့် ဂျာမန်သားကို ထုတ်ပယ်ပြီး တူချယ်က အဆိုပါနေရာကို ရယူသွားဖို့ရှိနေတာဖြစ်တယ်လို့ ကြာသပတေးနေ့မှာ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။


နာဂယ်စ်မန်းဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ဘိုင်ယန်မြူးနစ်နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး လိုက်ပ်ဇစ် နှင့် ဟော့ဖန်ဟိန်းတို့တွင် အထင်ကြီးလောက်စရာ အစွမ်းအစများပြသခဲ့တာဖြစ်ပါတယ်။


ဘွန်ဒက်လီဂါဆုဖလားနှင့် ဂျာမန်စူပါဖလား ၂ ကြိမ် ရရှိခဲ့ပေမယ့် အသက် ၃၅ နှစ်အရွယ် နည်းပြဟာ အခုချိန်မှာတော့ ထုတ်ပယ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။


Sport ရဲ့ ဖော်ပြချက်အရ နာဂယ်စ်မန်းဟာ အံ့အားသင့်စရာကောင်းတဲ့ တိုးတက်မှုတွေကြောင့် ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးကို လွှဲပြောင်းရယူတော့မှာ ဖြစ်ပါတယ်။


ဗီနီဆီးယက်စ်၊ ရိုဒရီဂို နှင့် မီလီတာအိုတို့ အပါအဝင် ရီးရဲလ်မက်ဒရစ် ကစားသမားတွေက အန်ဆယ်လော့တီ အနေဖြင့် ဘရာဇီးလက်ရွေးစင်အသင်းထံသို့ သွားရန် အဆင်သင့် ဖြစ်နေပြီဟု ထင်မြင်ကြောင်း သိရှိရပါတယ်။


ဘာနေဗျူးမှာ နာမည်ကျော်ကြားနေပေမယ့် အန်ဆယ်လော့တီဟာ နိုင်ငံတကာအဆင့်မှာ သူတို့ရဲ့နည်းပြဖြစ်လာတာကို မြင်တွေ့ရတဲ့အတွက် အဆိုပါ ၃ ဦးစလုံးက ပျော်ရွှင်ကြမှာပါ။


လွန်ခဲ့သော ၂ နှစ်က ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းချက်ကိုငြင်းပယ်ခဲ့ကြောင်း ဝန်ခံခဲ့တဲ့ နာဂယ်စ်မန်း အတွက်ဒုတိယအကြိမ် ကမ်းလှမ်းမှုရှိလာနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။


နည်းပြဘဝအစောပိုင်းက ရီးရဲလ်နှင့် ဖုန်းပြောခဲ့ကြောင်း ဖွင့်ဟခဲ့ပြီး "ကမ်းလှမ်းမှုနဲ့ပတ်သက်ပြီး ကျွန်တော် မစဉ်းစားမိခဲ့တာတော့ မဟုတ်ပါဘူး"


"ဘယ်သူက ရီးရဲလ်ရဲ့ဖုန်းဆက်မှုကိုချပစ်လိုက်မှာလဲ။ ရီးရဲလ်မက်ဒရစ်ထက် ကြီးကြီးမားမား ဘာမှမရှိပါဘူး"


"ကျွန်တော်က အသက် ၃၀ ပဲရှိသေးတာပါ။ ကျွန်တော့်ရဲ့ နည်းပြဘဝဟာ ကျိုးကြောင်းဆီလျော်စွာ တိုးတက်နေတယ်ဆိုရင် အဲဒီလိဂ်မှာ အသင်းတစ်သင်းကို တာဝန်ယူဖို့ နောက်ထပ်အခွင့်အရေးတစ်ခု ရနိုင်ပါသေးတယ်"


"ကျွန်တော့်မိသားစုအတွက်ပြောရရင် နိုင်ငံခြားကို ပြောင်းဖို့ အချိန်မတန်သေးဘူး" လို့ ပြောပါတယ်။


၂၀၂၀ခုနှစ်မှာတုန်းက "ကျွန်တော် ရီးရဲလ်ကို ငြင်းခဲ့ပေမယ့် ကျွန်တော့်မှာ စာချုပ်အတွက် ကမ်းလှမ်းမှု မရှိဘူးလို့ ပြောဖို့ အရေးကြီးပါတယ်"


"သူတို့က တွေ့ဆုံဆွေးနွေးချင်တယ်။ စပိန်ဘာသာစကားကို သင်ယူရန် ပြင်ဆင်ဖို့ ကျွန်တော်က နှစ်ပတ်လောက် အချိန်ယူရဦးမယ်"


"ကျွန်တော့်မှာ အချိန်အများကြီးရှိပါတယ်။ ပိုက်ဆံအားလုံးကို ၅ နှစ်ထဲနဲ့ ရှာလို့မရပါဘူး။ အဲဒါကို ရှာဖို့ ကျွန်တော့်မှာ ၁၀ နှစ်၊ နှစ် ၂၀ ရှိပါတယ်"


"ခင်များက အသက် ၅၀ရှိပြီဖြစ်တဲ့ နည်းပြဆိုရင် ရီးရဲလ်ကို ငြင်းပယ်မှာမဟုတ်ပါဘူး။ အခု ကျွန်တော်က ဘယ်အရာက မှန်သလဲဆိုတာကို ဆုံးဖြတ်နိုင်တယ်။ ဒီနေရာမှာ အမှားတွေလုပ်မိပြီး အဲ့ဒီကနေ သင်ခန်းစာယူဖို့ အခွင့်အရေးရှိတယ်။ ပိုကောင်းတဲ့နည်းပြတစ်ဦးဖြစ်လာဖို့ပေါ့"


"ခင်များမှာ အသင်းကြီးတွေဆိုပြီးမရှိပါဘူး။ အနိုင်မရရင် ဘာကြောင့်လဲဆိုတာ သူတို့က ပြောနေမှာမဟုတ်ပါဘူး။ သူတို့က ထုတ်ပယ်လိုက်ပါလိမ့်မယ်" လို့ နာဂယ်စ်မန်းက ပြောခဲ့ပါတယ်။


အန်ဆယ်လော့တီအတွက်ကတော့ ခက်ခဲတဲ့ရာသီအပြီးမှာ ရီးရဲလ်ရှိ သူ့ရဲ့ရေရှည်အနာဂတ်က ကောလာဟလတွေထွက်နေပါတယ်။


သူတို့အသင်းဟာ လာလီဂါချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေတဲ့ ဘာစီလိုနာရဲ့နောက် ၁၂ မှတ်အကွာတွင် ရှိနေပြီး ဘာစီလိုနာကြောင့်ပဲ ကိုပါဒဲရေးကနေ ထွက်ခွာရနိုင်ချေရှိနေပါတယ်။


ချန်ပီယံလိဂ်ဖလား မရရှိခဲ့ပါက အန်ဆယ်လော့တီဟာ ဒုတိယအကြိမ်မြောက် ထုတ်ပယ်ခြင်းခံရနိုင်ပါတယ်။


တူချယ်က ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ရန် အဆင်သင့်ဖြစ်နေပြီး ဂျာမန်သားဟာ ပထမအကြိမ်မှာပင် ဖလား၃ လုံး ရရှိရန် ရည်မှန်းထားပါတယ်။


လွန်ခဲ့တဲ့ ၂ နှစ်က တူချယ်ရဲ့ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းမှာ ပါဝင်ခဲ့တဲ့ ကန်ဆယ်လိုက အသစ်ရောက်လာတဲ့နည်းပြက ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ဖို့ မျှော်လင့်မိကြောင်း ဟာသလုပ်ထားပါတယ်။


"အခုမှပဲ သိလိုက်ရပါတယ်။ မြူးနစ်ကိုပြန်လာတဲ့အခါ နာဂယ်စ်မန်းကို မတွေ့တော့ဘူးဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ သူက ကျွန်တော့်ကို ဘိုင်ယန်သို့ ခေါ်ယူချင်ခဲ့တာကြောင့် သူ့ကို ကျေးဇူးတင်လိုပါတယ်"


"တူချယ် အတွက်ကတော့ သူဟာ ကျွန်တော့်ကို ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရှုံးစေခဲ့တာပါ၊ ဒါကြောင့် ဒီနှစ်မှာ ကျွန်တော် အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်" လို့ ဂျာမနီမှာ ဒုတိယရာသီဝက်ကိုအငှားဖြင့်လာရောက်ကစားနေတဲ့ ကန်ဆယ်လိုက ပြောပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ #နာဂယ်စ်မန်း