ရှေ့သို့
Image

အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ဆိုင်မှုအပေါ် ခန့်မှန်းမှုပြုလုပ်လိုက်တဲ့ အိုဇေးလ်

10:43 AM, 25 March

ယခုရက်သတ္တပတ်အစောပိုင်းက ကစားသမားဘဝကနေအနားယူကြောင်း ကြေငြာပြီးနောက် အာဆင်နယ်အသင်းအပေါ် အငြိုးအတေးမရှိကြောင်း အိုဇေးလ်က ပြသလိုက်တာဖြစ်ပါတယ်။


အိုဇေးလ်ဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ အမ်းမရိတ်စ်သို့ ရီးရဲလ်မက်ဒရစ်ကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅ သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့အိုဇေးလ်ဟာ လန်ဒန်အခြေစိုက်ကလပ်အတွက် အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး သူ့ရဲ့ပထမဆုံးရာသီမှာပင် ကလပ်ရဲ့ ၉ နှစ်ကြာ ဖလားကင်းမဲ့နေမှုကို အဆုံးသတ်ဖို့ ကူညီပေးခဲ့သလို အက်ဖ်အေဖလား ဖိုင်နယ်တွင် ဟူးလ်စီးတီးအား ၃-၂ ဂိုးဖြင့်အနိုင်ရရှိမှုတွင်လည်း အသင်းကိုကူညီပေးခဲ့သူဖြစ်ပါတယ်။


ဂျာမန်လက်ရွေးစင်ကစားသမားဟောင်းဟာ လက်ရှိနည်းပြ အာတီတာနှင့် အဆင်မပြေဖြစ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အသင်းမှထွက်ခွာခြင်းမပြုမီ ကလပ်မှာရှိခဲ့တဲ့ ၆ ရာသီအတွင် အက်ဖ်အေဖလား ၃ ကြိမ် ထပ်မံရရှိခဲ့ပါတယ်။ ထို့နောက် ဗုဒ္ဓဟူးနေ့တွင် အသက် ၃၄ နှစ်အရွယ် ကစားသမားဟာ ကစားသမားဘဝကနေ အနာယူမှာ ဖြစ်ကြောင်း ကြေညာခဲ့ကာ ကီဗင်ဒီဘရိုင်းနှင့် အလက်ဆစ်ဆန်းချက်ဇ်တို့ အပါအဝင် ဘောလုံးလောက၏ နာမည်အကြီးကစားသမားအချို့ရဲ့ ဆိုရှယ်မီဒီယာတွင် ဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။


အခုအချိန်မှာတော့ အိုဇေးလ်က အာဆင်နယ်က သူ့ရဲ့အချိန်တွေကို ဖုံးကွယ်ထားပြီး ရှုပ်ထွေးတဲ့အဆုံးသတ်မှာရှိနေဖို့ ငြင်းဆန်ခဲ့ပြီး သူ့ရဲ့အသင်းဟောင်းကို ဒီရာသီရဲ့ ပရီးမီးယားလိဂ်ဖလားအား ဆွတ်ခူးစေချင်တယ်လို့ ဝန်ခံခဲ့ပါတယ်။ အာဆင်နယ်အသင်းနဲ့ သူ့ရဲ့အချိန်တွေကို အကျဉ်းချုံးပြောပြဖို့ တောင်းဆိုရာမှာ သူက Marca သို့ "ပထမနှစ်တွေက အရမ်းကောင်းပါတယ်"


"ကျွန်​​တော်​တို့ ချန်ပီယံလိဂ်မှာ ကစားခဲ့ကြပါတယ်​၊ ကြီးကျယ်​ခမ်းနားတဲ့ ကစားသမား​တွေနဲ့ အာဆင်ဝင်းဂါးလိုမျိုး မယုံနိုင်​စရာ နည်းပြ​တွေရှိတဲ့ အသင်း​ကောင်းတစ်သင်းဖြစ်ခဲ့ပါတယ်​။ ဝင်းဂါးရဲ့အသင်းမှ ထွက်​ခွာပြီး​နောက်​မှာ ကျွန်​​တော့်​အတွက်​ ​ပြောင်းလဲသွားခဲ့တယ်​။ ဒါ​ပေမယ့်​ ကျွန်​​တော့်​အတွက်​ နောက်ထပ်လုပ်ဆောင်ဖို့ စိတ်​မ၀င်​စားပါဘူး" လို့ ပြောပါတယ်။


#အာဆင်နယ် #အိုဇေးလ် #ပရီးမီးယားလိဂ်