ရှေ့သို့
Image

အာဆင်နယ်အသင်းတွင် ခြေစွမ်းပြလာတဲ့ အိုဒီဂတ်က ရီးရဲလ်မက်ဒရစ်ကို ကျေးဇူးတင်စကားဆို

4:37 PM, 24 March

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းပြသကာ အမှတ်ပေးဇယားကို ဆက်တိုက်ဦးဆောင်ထားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မာတင်အိုဒီဂတ်က ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုး ၁၀ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ကြိမ်ပြုလုပ်ထားနိုင်ခဲ့ကာ ခြေစွမ်းပြသကစားနိုင်ခဲ့အပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ကျေူးဇူးတင်စကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဘာနေဗျူးအခြေစိုက်ကလပ်အသင်းမှ လန်ဒန်မြေကို အပြီးပြောင်းရွှေ့ခဲ့အပြီးမှာ အသက် ၂၄နှစ်အရွယ် အိုဒီဂတ်ရဲ့ ခြေစွမ်းပိုင်းက သိသိသာသာ တိုးတက်လာခဲ့ပြီး အထူးသဖြင့် ယခုနှစ်ရာသီမှာ ဂန်းနားတို့နဲ့အတူ ပုံစံကောင်းပြသကာ အမှတ်ပေးချန်ပီယံဖြစ်ရေးအတွက်ပါ တာစူနေခဲ့တာလည်း ဖြစ်ပါတယ်။

အိုဒီဂတ်က ဥရောပအသင်းများစွာရဲ့ ကမ်းလှမ်းမှုရှိနေချိန် ၂၀၁၅ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အကယ်ဒမီကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အဆိုပါ ခုနှစ်အတွင်းမှာ စီနီယာအသင်းနဲ့အတူပွဲထွက် ကစားခွင့်ရခဲ့ကာ မက်ဒရစ်ကလပ်ရဲ့ အသက် အငယ်ဆုံး လာလီဂါပွဲထွက်ကစားခွင့်ရတဲ့ ကစားသမားအဖြစ်ပါ မှတ်တမ်းကောင်းတစ်ရပ် ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အိုဒီဂတ်က ၂၀၂၁ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းကို အငှားနဲ့ စတင်ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပတ်သက်ပြီး ပွဲကြိုသတင်းစာရှင်းလင်းတစ်ခုအတွင်းမှာ အိုဒီဂတ်က “ကျွန်တော်အမြင်အရတော့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်မယ်လို့ ထင်ပါတယ်။ အခုအချိန်မှာ အရမ်းပျော်ရွှင်နေရပြီး ရီးရဲလ်မက်ဒရစ်အသင်းကိုလည်း ကျေးဇူးတင်စကား ဆိုချင်ပါတယ်” လို့ဖွင့်ဟပြော ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#အာဆင်နယ် #အိုဒီဂတ် #ပရီးမီးယားလိဂ်