ရှေ့သို့
Image

မန်စီးတီးနဲ့ လီဗာပူးတို့ထက် ရီးရဲလ်မက်ဒရစ်ကိုသာ ပြောင်းရွှေ့ရန် ဆန္ဒရှိနေတဲ့ ဘယ်လင်ဂမ်

12:54 PM, 24 March

ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းတွေဖြစ်ကြတဲ့ မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့က ကွင်းလယ်ပိုင်း အားဖြည့်ရန် အတွက် အဓိက ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဂန်က လာလီဂါနဲ့ ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားမှုမြ့င်တက်လာချိန်မှာ မက်ဒရစ်ကလပ်ကို သာ ပြောင်းရွှေ့ကစားရန် စိတ်အားထက်သန်နေကြောင်း သတင်းထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဥရောပထိပ်သီးကလပ်အသင်းအချို့ရဲ့ ပစ်မှတ်ဖြစ်လာတဲ့ ဘယ်လင်ဂမ်အတွက် ဒေါ့မွန်အသင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၁၅၀ခန့်အထိ တောင်းဆိုနေတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ခြေရှိမရှိ ဆက်စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။ ကမ္ဘာကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ မာကာ ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ကလပ်အသင်း အနေဖြင့် အသက် ၁၉နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်တွက် ဒေါ့မွန်အသင်းတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးပမာဏကို ပေးချေရန် ဆန္ဒရှိနေပေမဲ့ ကစားသမားဘက်က လာလီဂါကလပ်အသင်းကို ပြောင်းရွှေ့ရန် ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ယမန်နှစ်အပြောင်းအရွှေ့မှာ ခေါ်ယူထားခဲ့တဲ့ ကမာဗင်ဂါ၊ ချူအာမန်နီတို့နည်းတူ ဘယ်လင်ဂမ်ကို ထပ်မံခေါ်ယူကာ ကွင်းလယ်ပိုင်းကို သွေးသစ်လောင်းရန် ယုံကြည်မှုရှိနေတာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ဓဝင်ကစားသမားကြီးဖြစ်သူ ရီယိုဖာဒီနန်ကလည်း “တကယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းကသာ လီဗာပူးအသင်းနဲ့ ယှဉ်ပြီး ကမ်းလှမ်းမှု ပြုလုပ်လာမယ်ဆိုရင် ကျွန်တော်ရွေးချယ်မယ့်အသင်းက ဘယ်အသင်းလဲ ဆိုတာရှင်းနေ တာပါပဲ” လို့ ပြောဆိုပြီး ဘယ်လင်ဂမ်ကို အကြုံပြုပြောထားတာပဲ ဖြစ်ပါတယ်။

#လီဗာပူး #မန်စီးတီး #ရီးရဲလ်မက်ဒရစ် #ဘယ်လင်ဂမ်