ရှေ့သို့
Image

စပိန်အသင်းခေါင်းဆောင် အဖြစ် မိုရာတာကို ရွေးချယ်ခဲ့တဲ့ နည်းပြ ဖွန်တီ

11:38 AM, 24 March

စပိန်နည်းပြ ဖွန်တီ သည် ၎င်း၏ရာထူးသက်တမ်းစတင်ချိန်၌ စပိန်အသင်းတွက် အသင်းခေါင်းဆောင်လေးဦးကို ဆန်ကာတင် ရွေးချယ်ခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဖြစ်ပြီး စပိန်အသင်းရဲ့စီနီယာ ကစားသမားတစ်ဦးဖြစ်တဲ့ မိုရာတာအား လက်ရှိအသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

သတင်းဌာနများမှဖော်ပြသည့်အတိုင်း ဖွန်တီ သည် စပိန်အသင်းအတွက်အသင်းခေါင်းဆောင်အဖြစ် စီနီယာအကျဆုံးကစားသမားများကို အသင်းခေါင်းဆောင်များအဖြစ် ခန့်အပ်မည်ဟု ၎င်း၏ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့ပါတယ်။ မိုရာတာသည် စပိန်အသင်းကို ဦးဆောင်မည်ဖြစ်ပြီး သူ့နောက်တွင် အသင်းခေါင်းဆောင်နေရာအတွက် အရန်များအဖြစ် ကာဗာဂျယ်၊ ရိုဒရီနှင့် အိုရာဇာဘယ်တို့ရှိနေမှာ ဖြစ်ပါတယ်။ အိုရာဇာဘယ်အနေဖြင့် စပိန်အသင်းအတွက် ၂၁ ပွဲသာကစားခဲ့ရပြီး ၎င်း၏ရှေ့တွင် နာချို (၂၂)ပွဲ အိုလမို(၂၉)ပွဲတို့ရှိနေသော်လည်း ဖွန်တီက အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းကဲ့သို့ပင် မိုရာတာအား အသင်းခေါင်းဆောင်အဖြစ် လူအများက မမြင်ကြသောကြောင့် မိုရာတာအား အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူမှုအပေါ် မေးခွန်းထုတ်သူများရှိနေပါတယ်။ သိုသော်လည်း နည်းပြဖွန်တီသည် ရီးရဲလ်တိုက်စစ်မှူးဟောင်းအား ရွေးချယ်ပြီး ယခင်နည်းပြ အင်းနရစ်ရဲ့မူဝါဒကို ဆက်လက်ထိန်းသိမ်းထားပါတယ်။

အိုယာဇာဘယ်ဟာ ဆိုစီဒက်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ပေမယ့် ကာဗာဂျယ်နှင့် ရိုဒရီတို့ကိုသာ အသင်းခေါင်းဆောင်အဖြစ်သာရှုမြင်လိုကြောင်း အကြံပြုလိုက်ပါတယ်။

#မိုရာတာ #စပိန် #ဖွန်တီ