ရှေ့သို့
Image

ခဗာရက်စ်ကီးလီယာက ဂျော့ခ်ျဘက်စ်ထက် ပိုကောင်းတယ်လို့ ပြောကြားလိုက်တဲ့ အီတလီအေးဂျင့်

11:00 AM, 24 March

အီတလီနိုင်ငံသားအေးဂျင့် အော်စတာဒါမီယာနီက နာပိုလီစတား ခဗာရက်စ်ကီးလီယာဟာ ဂျော့ခ်ျဘက်စ်ထက် ပိုကောင်းပြီး သူ့မှာ တူညီတဲ့စိတ်ထားမျိုးမရှိဟု မျှော်လင့်မိပါတယ်လို့ပြောထားပါတယ်။ နာမည်ကျော် အီတလီဘောလုံးအေးဂျင့်ဟာ နာပိုလီနှင့် ဂျော်ဂျီယာစတားအကြောင်းကို အီတလီရှိ 1 Station Radio နှင့် အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

"ဂျော့ခ်ျဘက်စ်က သူ့နိုင်ငံအသင်းအတွက် သမိုင်းကြောင်းကို ဖန်တီးထားတဲ့ ကစားသမားကောင်းတစ်ဦးပါ။ ဒါပေမဲ့ ခဗာရက်စ်ကီးလီယာကအဲ့ဒါထက်ပိုတယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ဂျော်ဂျီယာနိုင်ငံသားက ရုပ်ပိုင်းဆိုင်ရာမှာ ပိုပြီးကောင်းမွန်ကောင်း ကောင်းမွန်နိုင်ပါတယ်" "ကျွန်တော်က ဟာသလုပ်နိုင်ပေမယ့် ခဗာရက်စ်ကီးလီယာမှာ တူညီတဲ့စိတ်ထားမရှိဘူးလို့ မျှော်လင့်မိပါတယ်" လို့ ဒါမီယာနီကပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် ခဗာရက်စ်ကီးလီယာဟာ အီတလီရှိ သူ့ရဲ့ပထမဆုံးရာသီတွင် ခြေစွမ်းပြသထားပြီး ယခုရာသီ ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၃၀ ကစားထားပြီး၁၄ ဂိုးသွင်းယူကာ ၁၆ ကြိမ် ဖန်တီးမှု ပြုလုပ်ထားပါတယ်။ သူဟာ ပြီးခဲ့သည့်နွေရာသီတုန်းက ဒိုင်နမိုဘက်တူမီကနေ ယူရို ၁၀ သန်းဖြင့် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီနှင့် ရီးရဲလ်မက်ဒရစ်တို့ရဲ့ စိတ်ဝင်စားမှုကို ဟန့်ထားဖို့အတွက် ဂျော်ဂျီယာနိုင်ငံသားကို စာချုပ်သစ်ချုပ်ဆိုရန် နာပိုလီဥက္ကဌက ဆုံးဖြတ်ထားပါတယ်။

နာပိုလီရှိ သူ့ရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၇ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ယူနိုက်တက်ဂန္တဝင် ဂျော့ဂ်ျဘက်စ် ၁၉၆၃ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်အထိ ယူနိုက်တက်နဲ့အတူ ပွဲပေါင်း ၄၇၀ ကစားခဲ့ပြီး ၁၇၉ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ အသက် ၅၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

#စီးရီးအေ #နာပိုလီ #ခဗာရက်စ်ကီးလီယာ