ရှေ့သို့
Image

ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာလိုက်တဲ့ မက်ဆီလက်သစ်ဟောင်း ကာကစ်

10:50 AM, 24 March

ဘာစီလိုနာ တိုက်စစ်မှုးဟောင်းဖြစ်တဲ့ ကာကစ်ဟာ အသက် ၃၂ နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။

ကာကစ်ဟာ ပြီးခဲ့တဲ့ ၂ နှစ်ကို ဗစ်ဆယ်ကိုဘီမှာ ကစားခဲ့တာဖြစ်ပြီး ဇန်နဝါရီတွင်ဂျပန်ကလပ်ကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။ ကြာသပတေးနေ့မှာတော့ ဘာစီလိုနာဟာ နူးကမ့်တွင် ကာကစ်အတွက် အခမ်းအနားပြုလုပ်ပေးခဲ့ပြီး ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို ၁၆ နှစ်တာ ဖြတ်သန်းပြီးနောက် အနားယူကြောင်း ကြေညာခဲ့ပါတယ်။

"ဒီဆုံးဖြတ်ချက်ချရတာ မလွယ်ကူပါဘူး၊ ကျွန်တော်က အိမ်နဲ့အဝေးမှာရှိနေတာ ၁၂ နှစ်ရှိပြီဖြစ်ပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန်ပဲခံစားခဲ့တာပါ။ နောက်ထပ်အဆင့်မှာ မိသားစုနဲ့အတူ နီးနီးကပ်ကပ်နေချင်ပါတယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာပြဿနာကြောင့်မဟုတ်ပါဘူး" "ကျွန်တော်က ဒဏ်ရာ ၃ ခုရရှိခဲ့ပြီး ပြန်ကောင်းလာခဲ့ပါတယ်။ ၁၀၀ % ပြည့်ပါပဲ။ ဘောလုံးဆက်ကစားခြင်းထက် လက်ရှိအချိန်မှာ အခြားအရာတွေလုပ်ဖို့ကို စိတ်အားထက်သန်နေပါတယ်။ ကျွန်တော့်တွေ့ကြုံခဲ့ရတာတွေအပေါ်ကိုလည်း ကျေနပ်မိပါတယ်"

"ကျွန်တော်က ဘာစီလိုနာအတွက် ကစားခဲ့ပြီး ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့ တွဲကစားခဲ့ကာ ဆုဖလားတွေလည်းရရှိခဲ့ပါတဘ်။ ကျွန်တော်ဟာ အခြားလိဂ်တွေမှာလည်း ကစားခဲ့ဖူးပါတယ်။ အခုတော့ အသစ်သစ်တွေကို စတင်ဖို့အတွက် ကျွန်တော်က အဆင်သင့်ဖြစ်နေပါပြီ" လို့ ကာကစ်က ပြောပါတယ်။

ဒဏ်ရာတွေနဲ့ စိုးရိမ်ပူပန်မှုတွေက သူ့ကစားသမားဘဝကို အချိန်မတန်ဘဲ ကုန်ဆုံးစေခဲ့ပေမယ့် ကလပ် ၉ ခုအတွက် ပွဲပေါင်း ၄၀၀ ကျော် ကစားခဲ့ပြီး ၉၃ ဂိုး သွင်းယူထားခဲ့ပါတယ်။ ကာကစ်ဟာ ကလပ်ရဲ့လူငယ်အသင်းတွေအတွက် ဂိုးပေါင်း ၉၀၀ သွင်းယူကာ လီယွန်နယ်မက်ဆီအသစ်ဟု ပြောဆိုခြင်းခံရပြီးနောက် ဘာစီလိုနာမှာ ပါရမီရှိတဲ့ ဆယ်ကျော်သက်ကစားသမားတစ်ဦးအဖြစ် စတင်ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။

၂၀၀၇ခုနှစ်တွင် အသက် ၁၇ နှစ်ပြည့်ပြီး ၁၉ ရက်အကြာမှာ အသင်းကြီးအတွက် ပထမဆုံးပွဲဦးထွက်နိုင်ခဲ့ပြီး ၄ ရာသီအတွင်း ၁၆၃ ပွဲကစားကာ ၄၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်တွင် စပိန်အသင်းရဲ့ ဆုဖလား၁ လုံး ရရှိမှုတွင် ပါဝင်မှုနဲ့အတူ စိုးရိမ်ဖွယ်တိုက်ခိုက်မှုများကို ခံစားခဲ့ရသည့်အကြောင်းကို သူကပြောခဲ့ပါတယ်။

အေစီမီလန်နှင့် အေဂျက်စ်တို့တွင် အငှားကစားပြီးနောက် ၂၀၁၄ ခုနှစ်တွင် စတုတ်စီးတီးသို့ အပြီးသတ်ပြောင်းရွေ့လာခဲ့ပြီး နောက်ပိုင်းတွင် အလာဗက်စ်နှင့် စပိန်သို့ မပြန်မီ ဂျာမန်ကလပ် မိုင်းဇ်အသင်းတွင် ဆက်လက်ကစားခဲ့ပါတယ်။ ကနေဒါရှိ မေဂျာလိဂ်ကလပ် CF Montreal (ထိုစဉ်က Montreal Impact ဟုလူသိများသည်)  တွင် ၁ နှစ် တာကစားပြီးနောက် ၂၀၂၁ ခုနှစ်တွင် ဗစ်ဆယ်ကိုဘီ သို့မပြောင်းရွှေ့ခဲ့ကာ ဘာစီလိုနာအသင်းဖော်ဟောင်း အင်နီယေစတာနှင့်အတူ ကစားခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ကာကစ်