ရှေ့သို့
Image

ကစားသမားသစ်၃ဦး ခေါ်ယူပေးဖို့ ရိုးမားကို တောင်းဆိုလိုက်တဲ့ မော်ရင်ဟို

10:46 AM, 24 March

ဒီနွေရာသီမှာ စီးရီအေမှာ ဆက်ရှိနေဖို့ ဆွေးနွေးနေတဲ့ အေဗရာဟမ်ရဲ့နေရာကို အစားထိုးမှုအပါအဝင် ကစားသမားသစ် ၃ ဦး ခေါ်ယူပေးဖို့ မော်ရင်ဟိုက ရိုးမားကို တောင်းဆိုလိုက်ပါတယ်။

သူ့ရဲ့လက်ရှိစာချုပ်က ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် အနာဂတ်နှင့် ပတ်သက်ပြီး ချဲလ်ဆီးနည်းပြဟောင်း မြန်မြန်ဆန်ဆန်လုပ်ချင်နေတာဖြစ်ပါတယ်။ သူ့ရဲ့တောင်းဆိုမှုတွေကို အီတလီမီဒီယာတွေက ဖော်ပြပြီးနောက် ဒီနွေရာသီကို ကျော်လွန်တဲ့အထိ အသင်းမှာ ဆက်ရှိနေမလားဆိုတာက စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။

ကစားသမားသစ်ခေါ်ယူပေးဖို့ အာမခံချက်ရရှိချင်သလို သူ့ရဲ့အနာဂတ်ကိုဆွေးနွေးဖို့အတွက် မော်ရင်ဟိုဟာ အသင်းပိုင်ရှင်နဲ့တွေ့ဆုံလိုနေတာဖြစ်ပါတယ်လို့ Il Corriere dello Sport သတင်းစာက ပြောဆိုထားပါတယ်။ မော်ရင်ဟိုရဲ့အနာဂတ်ကို မဆွေးနွေးမီ အသင်းပိုင်ရှင်တွေက သူ့ရဲ့အချိန်တွေကို ပြောထားပါတယ်လို့ သိရှိရပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြက ကစားကွက်မှာအကူအညီဖြစ်စေဖို့ ကွင်းလယ်ကစားသမားတစ်ဦး၊ ဗဟိုခံစစ်မှုးတစ်ဦးနှင့် အေဗရာဟမ်ရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှုးတစ်ဦးကို ခေါ်ယူပေးစေချင်တာဖြစ်ပါတယ်လို့ Sky Sport Italia  ကဖော်ပြထားပါတယ်။ အေဗရာဟမ်ဟာ ပရီးမီးယားလိဂ်သို့ ပြန်သွားဖို့ ကြီးမားတဲ့ချိတ်ဆက်မှုတွေရှိနေတာဖြစ်ပြီး ယူနိုက်တက်ကလည်း ခေါ်ယူချင်နေသလို ချဲလ်ဆီးအသင်းရဲ့ ပေါင် ၇၁ သန်းဖြင့် ပြန်လည်ခေါ်ယူခွင့်ကလည်း ဒီနှစ်မှာ အသက်သွင်းလာမှာဖြစ်ပါတယ်။

ဒီနွေရာသီမှာ မော်ရင်ဟိုဟာ အစားထိုးဖို့ တိုက်စစ်မှုးရှာဖွေနေတာဖြစ်ပြီး အသင်းနဲ့စာချုပ်သက်တမ်း မတိုးမီ အသင်းပိုင်ရှင်တွေထံမှ အာမခံချက်ကို ရရှိလိုနေတာဖြစ်ပါတယ်လို့ သိရှိရပါတယ်။ ဒီတောင်းဆိုမှုတွေကို မဖြည့်ပေးနိုင်ရင်တော့  သက်တမ်းကုန်ဆုံးမယ် ၂၀၂၄ခုနှစ် ဇွန်လ မတိုင်ခင် မော်ရင်ဟိုက အသင်းကနေ ထွက်ခွာသွားနိုင်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက နယူးကာဆယ်အသင်းရဲ့ အက်ဒီဟိုဝီကို ခန့်အပ်မှုမတိုင်ခင် မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်သို့ ပြန်လာဖို့ ကြီးမားတဲ့ချိတ်ဆက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့မှာ ချဲလ်ဆီးသို့ ပြန်လာချင်တယ်လို့လည်း ပေါ်တူဂီနိုင်ငံသားက ပြောဆိုထားကာ ပေါ်တာထွက်ခွားပါက အဲ့ဒီနေရာကို စိတ်ဝင်စားကြောင့် သူ့ရဲ့ကိုယ်စားလှယ်တွေကို ပြောထားတာဖြစ်ပါတယ်။

"ဘယ်သူပဲရှိရှိပါ ကလပ်က အဆင့်တစ်ခုသို့ ရောက်နေပြီဆိုတာက ကျွန်တော်သိပါတယ်။ ချဲလ်ဆီးက အမြဲတမ်းချဲလ်ဆီး ဖြစ်နေမှာပါ။ ကျွန်တော့်ရဲ့ အိမ်ကလည်း အမြဲတမ်း ကွင်းနဲ့ မိတာ ၂၀၀ အကွာမှာပဲရှိနေမှာဖြစ်ပြီး ဘာတွေဖြစ်နေတာလဲ ဘယ်လိုတွေအောင်မြင်နေတာလဲဆိုတာကို အမြဲတမ်းနာထောင်ချင်ပါတယ်။ ဒီလိုဖြစ်လာလိမ့်မယ်လို့လည်း ထင်ပါတယ်" လို့ မော်ရင်ဟိုက Sky Sports သို့ ပြောဖူပါတယ်။

#စီးရီးအေ #ရိုးမား #မော်ရင်ဟို #အေဗရာဟမ်