ရှေ့သို့
Image

Virus ပျံ့နှံ့ခဲ့ပြီးနောက် နယ်သာလန်ကနေ အိမ်ကို ပြန်လွှတ်ခံလိုက်ရတဲ့ ဂတ်ပို

9:32 AM, 24 March

ဟော်လန်အသင်းမှာ Virus ပျံ့နှံ့ခဲ့ပြီးနောက် ကစားသမား ၅ ဦးအိမ်ပြန်လွှတ်ခံခဲ့ရပြီး ဂတ်ပိုက အဆိုပါကစားသမား ၅ ဦးထဲက ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။

ဂတ်ပိုဟာ လာမယ့်သောကြာနေ့ နဲ့ တနလာၤနေ့မှာကစားမယ့် ပြင်သစ်၊ ဂီဘရာတာအသင်းတို့ ပွဲစဉ်အတွက် ဟော်လန်အသင်းနဲ့အတူ ပူးပေါင်းစဉ်မှာ ဖျားနာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နယူးကာဆယ်နောက်ခံလူ ဘို့တ်မန်း ၊ ဘိုင်ယန်နောက်ခံလူ ဒီလစ်ဂျ် ၊ ပီအက်စ်ဗွီကွင်းလယ်လူ ဗားမန်း ၊ အန်ဒါလက်ချ်ဂိုးသမား ဗာဘရက်ဂျ်ဂန် နဲ့ ဂတ်ပိုတို့ ပါဝင်နေတာဖြစ်ပါတယ်။

ဗိုင်းရပ်စ်အခြေအနေက မဆုံးဖြတ်ရသေးပေမယ့် ဟော်လန်သတင်းတွေအရ အဆိုပါဗိုင်းရပ်စ်ဟာ ကိုရိုနာဗိုင်းရပ်စ်မဟုတ်ဘူးလို့ ဆိုပါတယ်။ ဂတ်ပိုဟာ အခုရာသီအစောပိုင်းတုန်းက ကမ္ဘာ့ဖလားမှာ ဟော်လန်အသင်းနဲ့အတူ တောက်ပခဲ့တာဖြစ်ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ကာ အသင်းကို ကွာတားဖိုင်နယ်ပို့ ဆောင်ပေးနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းကတော့ ဂတ်ပိုအခြေအနေကို စစ်ဆေးမှာဖြစ်ပြီး နိုင်ငံအသင်းမသွားရတဲ့ ကစားသမားတွေနဲ့ လာမယ့်အပတ်မှာကစားမယ့် မန်စီးတီးနဲ့ပွဲအတွက် လေ့ကျင့်မှာဖြစ်ပါတယ်။ ဂတ်ပိုဟာ ဇန်နဝါရီတုန်းက ပီအက်စ်ဗွီကနေ လီဗာပူး အသင်းထံ ပေါင် ၄၄ သန်းနဲ့ ပြောင်းလာခဲ့တာဖြစ်ပြီး အသင်းအတွက် စရောက်ကတည်းက ၁၄ ပွဲမှာ ၁၃ ပွဲ ပါဝင်ကစားပေးထားကာ နောက်ဆုံးပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

#လီဗာပူး #ဂတ်ပို #ပရီးမီးယားလိဂ်