ရှေ့သို့
Image

ဂျူဗင်တပ်စ်အသင်းမှာ ဆာရီက အချိန်ပိုရခဲ့သင့်ကြောင်း ပြောပြလာတဲ့ ဘူဖွန်

4:52 PM, 23 March

စီးရီးအေပြိုင်ပွဲအတွင်း လာဇီယိုအသင်းနဲ့အတူ ပုံစံကောင်းပြသကာ အမှတ်ပေးဇယားအဆင့် ၂နေရာအထိ တက်လှမ်းထားနိုင်ခဲ့တဲ့ လာဇီယိုအသင်းရဲ့ နည်းပြ ဆာရီအနေဖြင့် ဂျူဗင်တပ်စ်အသင်းတွင် နည်းပြအဖြစ် ဘောလုံးရာသီ ၁ခုသာ ထမ်းဆောင်ခွင့်ရပြီး ထုတ်ပယ်ခံလိုက်ရတဲ့အပေါ် ဂျူဗင်တပ်စ်အသင်းရဲ့ ဂန္ဓဝင်ဂိုးသမားကြီး ဘူဖွန်က ပြန်ပြောင်းပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ ဆာရီရဲ့ လာဇီယိုအသင်းက စီးရီးအေပြိုင်ပွဲအတွင်း ချန်ပီယံလိဂ်ဝင်ရောက်ကစားခွင့်ရနိုင်မယ့် အဆင့် ၂နေရာတွင် ရပ်တည်နေချိန် ပြည်တွင်းပြိုင်ပွဲများတွင် အချိန်ကြာမြင့်စွာ လက်ဝါးကြီးအုပ်ထားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းက အဆင့် ၄နေရာနဲ့ ဝေးကွာနေတာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ ဂန္ဓဝင်ဂိုးသမားတစ်ဦးဖြစ်တဲ့ ဘူဖွန်က ပီအက်စ်ဂျီအသင်းကနေ ပြန်လည်ရောက်ရှိလာခဲ့အပြီးမှာ ဂျူဗင်တပ်စ်အသင်းတွင် ၁ရာသီသာ ကစားခဲ့ပြီး စီးရီးဘီကလပ် ပါးမားအသင်းတွင် ပြောင်းရွှေ့ကစားနေတာလည်း ဖြစ်ပါတယ်။

ဆာရီအနေဖြင့် ဂျူဗင်တပ်စ်အသင်းတွင် အချိန်ပိုရခဲ့သင့်ကြောင်းနဲ့ ပက်သက်လို့ ပါးမားအသင်းရဲ့ ဝါရင့်ဂိုးသမား ဘူဖွန်က“ဘာကြောင့် ဒီလိုဖြစ်နေလဲဆိုတာ ကျွန်တော်ကောင်းကောင်းသိပါတယ်။ သူတို့အနေနဲ့ ရလဒ်ဆိုးလာပြီဆိုတာနဲ့ တစ်စုံတစ်ယောက်ကို ချက်ချင်းထုတ်ပစ်လိုက်ဖို့သာ ရွေးချယ်ကြပါတယ်” “ဆာရီနဲ့ က ရင်းနီးတဲ့ ဆက်ဆံရေးရှိထားသလို သူ့ကိုလည်း များစွာကူညီခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူကို ကူညီရတာက ဂျူဗင်တပ်စ်အသင်းကို ကူညီရတာပါပဲ။ ဒါပေမဲ့ အခြေအနေတွေက ဆိုးဆိုးရွားရွား ဖြစ်လာခဲ့ပါတယ်” “ယခုအချိန် သူတို့မှာ အခက်အခဲအချို့ ရှိနေတယ်ဆိုပေမဲ့ ဂျူဗင်တပ်စ်အသင်းဆိုတာက ဂျူဗင်တပ်စ်အသင်းပါပဲ။ ခက်ခဲတဲ့ အခြေအနေတွေက သူတို့အတွက် ပိုပြီးတော့ သန်မာစေမှာပါ” လို့ ထုတ်ဖော် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#စီးရီးအေ #ဆာရီ #လာဇီယို #ဂျူဗင်တပ်စ် #ဘူဖွန်