ရှေ့သို့
Image

သြစတေးလျ သို့မဟုတ် အာရှကို ရာသီကြိုခြေစမ်းခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာ

3:57 PM, 23 March

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ အချိန်တိုအတွင်း ဝင်ငွေအများအပြား ရှာဖွေဖို့ ရည်ရွယ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ကနေရော ယူရိုပါလိဂ်ကနေပါ ထွက်ခွာလိုက်ရတာကြောင့် ဘဏ္ဍာရေးထိခိုက်မှုတော့ ရှိနေပါတယ်။ အဆိုပါ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် စီမံခန့်ခွဲသူတွေအနေနဲ့ တတ်နိုင်သမျှ ဝင်ငွေအားလုံးကို နေရာစုံကရယူဖို့ လိုအပ်နေပါတယ်။

အဲ့ဒါကြောင့် မန်ဒိုဒီပို့တီဗိုသတင်းက ဘာစီလိုနာဟာ ရာသီကုန်မှာ သြစတေးလျ သို့မဟုတ် အာရှဘက်ကို ခြေစမ်းခရီးထွက်ပြီး ဝင်ငွေရှာဖွေဖို့ ပြင်ဆင်ထားကြောင်း ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း သြစတေးလျကို သွားခဲ့ပြီး သြစတေးလျလိဂ် All Stars အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့တာကြောင့် ယူရို ၅ သန်း ရရှိခဲ့ပါတယ်။ အဲ့ဒီကြောင့် ပြီးခဲ့တဲ့ ရာသီကုန်မှာတုန်းက လက်ရှိလိဂ်နဲ့ ဖလားချန်ပီယံတွေကို ပြိုင်ဘက်အဖြစ်နဲ့ ခြေစမ်းဖို့ ရည်ရွယ်ထားပါတယ်။

အဆိုပါခြေစမ်းပွဲတွေကတော့ ရာသီကြိုခရီးစဉ်နဲ့ မဆိုင်ပဲ အမေရိကန်ကို သွားရောက်ကစားခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်တော့ စီမံခန့်ခွဲရေးအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်ကလိုမျိုး အစီအစဉ်ပဲဆွဲဖို့ စီစဉ်ထားပြီး အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန် သို့မဟုတ် တရုတ်ကို လာရောက်ခြေစမ်းကစားဖွယ် ရှိပါတယ်။ အဆိုပါအာရှနိုင်ငံတွေဟာ ကိုဗစ်ပြီးကတည်းက ဥရောပအသင်းတွေကို လာရောက်ခြေစမ်းကစားဖို့ တံခါးဖွင့်ထားတာ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ