ရှေ့သို့
Image

လီဗာပူး အသင်းဖော်တွေက သူ့ကို အမ်ဘာပေအကြောင်း မေးလေ့ရှိတယ်လို့ ကိုနာတေး ထုတ်ပြောလာ

3:42 PM, 23 March

လီဗာပူးနောက်ခံလူ ကိုနာတေးက ကလပ်အသင်းဖော်တွေဆီမှ ပြင်သစ်တိုက်စစ်ကြယ်ပွင့်အမ်ဘာပေ အကြောင်း မေးခွန်းတွေကို ရရှိလေ့ရှိတယ်လို့ ထုတ်ပြောလာပါတယ်။

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးက အခုအချိန်မှာတော့ ပြင်သစ်လက်ရွေးစင်အသင်းကပ္ပတိန် ဖြစ်လာခဲ့ပါပြီ။ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အတွက် ဟက်ထရစ်သွင်းနိုင်ခဲ့ပေမယ့် ဆုဖလားကြီးနဲ့ လွဲချော်ခဲ့ရတဲ့ အမ်ဘာပေအပေါ် ကိုနာတေးက ချီးကျူးစကားဆိုခဲ့ပြန်ပါတယ်။

Eurosport သတင်းဌာနနဲ့တွေ့ဆုံချိန် လီဗာပူးနောက်ခံလူက “အမ်ဘာပေက ပျော်ပျော်ရွှင်ရွှင်နေတက်တဲ့ လူငယ်လေးတစ်ဦးပါ။ ဘာမှ မထူးခြားပါဘူး။ သူက အခြားသူတွေလို လူသားတစ်ဦးဖြစ်ပြီးတော့ အလွန်သဘောကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ အချို့လူတွေကတော့ သူ့ကို အလွန်မာနကြီးတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ကျွန်တော့်ကလပ်အသင်းမှာပဲဖြစ်ဖြစ်၊ အခြားနေရာမှာပဲဖြစ်ဖြစ် သူ့အကြောင်း မေးခွန်းတစ်ခုကို အမြဲတမ်း မေးခံရလေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က မင်းတို့တွေ ရူးနေသလား?၊ သူက အရမ်းဖော်ရွှေတယ်လို့ အမြဲတမ်းပြန်ဖြေဖြစ်ပါတယ်။ အမှန်ပါပဲ၊ သူက အသင်းခေါင်းဆောင်ကောင်း တစ်ယောက်ပါ”လို့ ရှင်းပြခဲ့ပါတယ်။

#လီဗာပူး #ပြင်သစ် #ကိုနာတေး #ပရီးမီးယားလိဂ် #အမ်ဘာပေ