ရှေ့သို့
Image

ဒဏ်ရာမသက်သာသေးတာကြောင့် နောက်ထပ်တစ်လ ထပ်နားရဖို့ရှိနေတဲ့ ပက်ဒရီ

1:37 PM, 23 March

ပြည်တွင်းပြိုင်ပွဲများမှာ ဦးဆောင်ထားနိုင်သလို ခြေစွမ်းပိုင်း တည်ငြိမ်နေသော်လည်း ဘာစီလိုနာဟာ နှစ်စကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒမ်ဘီလီနဲ့ လီဝန်ဒေါ့စကီးတို့ ၂ ဦးစလုံးဟာ ဒဏ်ရာကြောင့် နားနေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအတွက် အကြီးမားဆုံး ဆုံးရှုံးမှုကတော့ ပက်ဒရီရဲ့ ဒဏ်ရာဖြစ်ပြီး ဒီနှစ်အစောပိုင်းမှာ ရရှိခဲ့တဲ့ဒဏ်ရာကနေ မသက်သာသေးတာဖြစ်ပါတယ်။

ပက်ဒရီဟာ နိုင်ငံတကာပွဲစဉ်များကျင်းပနေတဲ့ကာလအတွင်း ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ထားပေမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေကစားမယ့် စပိန်အသင်းကနေ သူက နုတ်ထွက်ခဲ့ပါတယ်။ Catalunya Radio ရဲ့ မကြာသေးခင်က ဖော်ပြထားတဲ့ သတင်းတွေအရ ပက်ဒရီဟာ ပေါင်ဒဏ်ရာကနေ ပြန်လည် သက်သာလာခြင်းမရှိသေးတာကြောင့် နောက်ထပ် ၃ ပတ် သို့မဟုတ် ၄ပတ်ကြာ အနားယူရဖွယ်ရှိတာဖြစ်ပြီး ဘာစီလိုနာအသင်း အတွက် နောက်ထပ်ဆုံးရှုံးမှုဖြစ်ပါတယ်။

ဒါကြောင့် လူငယ်ကွင်းလယ်ကစားသမားဟာ ဘာစီလိုနာ အသင်းရဲ့ ရီးရဲလ်မက်ဒရစ်နှင့် ကစားမယ့် ကိုပါဒဲရေး ဒုတိယအကျော့ကို လွဲချော်မှာဖြစ်ပြီး ကစားသမားရဲ့ အနီးစပ်ဆုံးပြန်ကစားနိုင်မယ့်ပွဲကတော့ ဧပြီလ ၂၃ ရက် အက်သလက်တီကိုမက်ဒရစ်နှင့်ပွဲပဲ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းရဲ့ ဆရာဝန်များသည် စွန်းစားမှုကို ရှောင်ရှားလိုတာကြောင့် ဘယ်အချိန်ကစားနိုင်မလဲဆိုတဲ့တိကျတဲ့အချိန်ကာလကို ဖော်ပြထားခြင်းမရှိသေးပါဘူး။

ရာသီဝက်ဖြစ်တဲ့ ပြီးခဲ့တဲ့လမှာ ပက်ဒရီပြန်လည်သက်သာပြီး ကြံ့ခိုင်မှုပြည့်ဝလာဖို့ ဘာစီလိုနာက မျှော်လင့်ထားပြီး ဘာစီလိုနာက ကိုပါဒဲရေးဖိုင်နယ်ကို ကစားရဖို့ရှိနေတာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ပက်ဒရီ