ရှေ့သို့
Image

ယူနိုက်တက်အတွက် ပြန်ကစားပေးနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ အဲရစ်ဆင်

1:21 PM, 23 March

ယူနိုက်တက်အတွက် ပြန်ကစားပေးဖို့ နီးစပ်လာပြီဖြစ်ကြောင်း သူ့ရဲ့ဒဏ်ရာအခြေအနေကို အဲရစ်ဆင်က ပို့စ်တင်ထားပါတယ်။ အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ရီးဒင်းအား အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး အခုတော့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပါတယ်။

ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာကြောင်း ပြသတဲ့ ဓာတ်ပုံတွေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အဲရစ်ဆင် ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။ ဒိန်းမတ်နိုင်ငံသားဟာ အကာကွယ်ဖိနပ်စီးထားတဲ့ သူ့ရဲ့ဘယ်ခြေပုံကို အရင်တင်ခဲ့ပြီးနောက် ဘောလုံးကန်ဖိနပ်စီးထားတဲ့ ခြေထောက်ပုံကိုပါ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်အား အနိုင်ရရှိကာ ကာရာဘောင်ဖလား ရရှိခဲ့ပွဲမှာ အကာကွယ်ဖိနပ်ကိုစီးပြီး အောင်ပွဲခံတာကို တွေ့ခဲ့ရပြီးနောက် တစ်လလောက်အကြာမှာ အဲရစ်ဆင်ရဲ့ နောက်ဆုံးရ ဒဏ်ရာအခြေအနေက ထွက်ပေါ်လာတာဖြစ်ပါတယ်။ တော့တင်ဟမ်ကွင်းလယ်ကစားသမားဟာ ဧပြီလအထိ နားနေရမှာဖြစ်ပြီး ရာသီကုန်မတိုင်မီ ကစားနိုင်မယ်လို့ ထင်ရပါတယ်။ ပြီးခဲ့တဲ့လ ဝင်ဘာလေမှာတုန်းက အဲရစ်ဟာ သူ့ရဲ့ဒဏ်ရာအခြေအနေကို ပြောပြခဲ့ပြီး တစ်လအကြာမှာ ပိုကောင်းတဲ့ အနေအထားမှာရှိနေတာဖြစ်ပါတယ်။

"ကျွန်တော် တော်တော်ကောင်းနေပါပြီ။ ဘွတ်ဖိနပ်စီးပြီး ချိုင်းထောက်နဲ့နေရတာက တော်တော်လေး ပျင်းဖို့ကောင်းပါတယ်။ ဒါပေမဲ့ ချိုင်းထောက်သုံးစရာမလိုတော့ဘဲ အခုတော့ ဖိနပ်နဲ့စီးထားရင်ကို ရနေပါပြီ။ လာမယ့်ရက်သတ္တပတ်မှာ လမ်းလျှောက်ဖို့ လေ့ကျင့်နိုင်တော့မှာပါ" "ဒါက အရမ်းကိုကောင်းပါတယ်။ ကစားချင်နေတာကတော့ သိသာပါတယ်။ ပွဲကြည့်စင်ကနေကြည့်ရတာက တကယ်ကစားရတာထက် ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတာကြောင့် တည်ငြိမ်အောင်ထိန်းထားရပါတယ်။ သူတို့တွေ ပျော်နေတာကိုကြည့်ရတာ အရမ်းကိုကောင်းပါတယ်။ အနိုင်ရရှိတဲ့အတွက်လည်း ပျော်ရွင်မိပါတယ်" လို့ အဲရစ်ဆင်က MUTV သို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်ဆင် #ပရီးမီးယားလိဂ်