ရှေ့သို့
Image

အန်တိုနီဟာ အသင်းကို အကူအညီမရတဲ့သူလို့ အခိုင်အမာပြောကြားလိုက်တဲ့ ဘာဘာတော့ဗ်

11:07 AM, 23 March

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အန်တိုနီကို အရိုးသားဆုံး မက်ဆေ့ချ်ပေးပို့လိုက်ကာ ဘရာဇီးသားအနေနဲ့ p*****g ကို ရပ်တန့်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

အန်တိုနီဟာ နွေရာသီတုန်းက အေဂျက်ကနေ ယူနိုက်တက်အသင်းထံပြောင်းလာခဲ့တာဖြစ်ပေမယ့် တန်ဟက် လက်အောက်မှာ သူ့ရဲ့ကစားပုံ နဲ့ စကေးတွေကြောင့် ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ဘာဘာတော့ဗ်က အန်တိုနီတစ်ယောက် အသင်းကိုအကျိုးပြုနိုင်တာတွေရှိနေပေမယ့် တစ်ခါတလေမှာ ဝေဖန်မှုတွေနဲ့ ထိုက်တနယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ပြိုင်ဘက်ကို သရော်ရင် သူတို့က မင်းကိုပွဲကနေ ထွက်ရအောင် ကန်မှာပါ။ ပြီးတော့ ကစားသမားချင်းလေးစားမှု မရှိသလိုဖြစ်စေပါတယ်။ သူ့ရဲ့ပြဿနာက လူတွေကို စိတ်ပျက်စေတာပါ။ အဲ့တာကို သေချာလေးသေချာလေးမှန်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ သူက အသင်းအတွက် ကောင်းမွန်တဲ့ခေါ်ယူမှုပါ။ ဒါပေမယ့် ကျွန်တော့်မျက်လုံးထဲမှာ သူက တစ်ခါတလေမှာ ဝေဖန်မှုတွေနဲ့ ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကွင်းပြင်ပမှာလည်း ပြသလို ပြိုင်ဘက်ကိုလည်း အနုတ်လက္ခဏာဆောင်တဲ့ အရူးလုပ်တာကြောင့်ပါ”လို့ ဘာဘာတော့ဗ်က ပြောကြားခဲ့ပါတယ်။

ဘူလ်ဂေးရီးယားသားကိုယ်တိုင်ကလည်း အင်္ဂလန်မှာကစားနေစဉ်အတွင်း တခါတလေမှာ ပျင်းတဲ့ပုံစံပေါက်နေတာကြောင့် ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘာဘာတော့ဗ်တစ်ယောက် ယူနိုက်တက်မှာ ၄ နှစ်ကြာကစားခဲ့ကာ အောင်မြင်မှုတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အန်တိုနီကို ဘာဘာတော့ဗ်က ဘယ်လိုတိုးတက်လာအောင်လုပ်ရမလဲဆိုတာကို အကြံပေးခဲ့ပါတယ်။ “တစ်ချို့အချိန်တွေမှာ လှည့်စားမှုတွေက အသင်းအတွက် အသုံးမဝင်ပါဘူး။ အဲ့တာက အသင်းကို ရလဒ်ပါ ဆိုးဝါးသွားစေပါတယ်။ အဲ့တာကို သေချာလေးပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒီလိုလှည့်စားမှုတွေကို ဖယ်ရှားနိုင်ရင် သူ့မှာ အရည်အချင်းကောင်းတွေရှိနေတာကြောင့် အများကြီးတိုးတက်လာနိုင်ပါတယ်”လို့ ဘာဘာတော့ဗ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အန်တိုနီ #ဘာဘာတော့ဗ် #ပရီးမီးယားလိဂ်