ရှေ့သို့
Image

ယူနိုက်တက်အသင်းမှ ပြောင်းရွှေ့လာရတဲ့ ခံစားချက်ကို ဖွင့်ဟလာတဲ့ ရော်နယ်ဒို

9:52 AM, 23 March

ယခုနှစ်ပရီးမီးယားလိဂ်ရာသီအစောပိုင်းတွင် ရလဒ်ပိုင်းယိမ်းယိုင်ကာ ဝေဖန်မှုတွေနဲ့ ဆက်တိုက်ကြုံနေရချိန် ယူနိုက်တက်အသင်းနဲ့ ဝါရင့်တိုက်စစ်ကစားသမား ရော်နယ်ဒို အကြားမှာ မကြေမလည်ဖြစ်ကာ အတွင်းသတင်းအချိုု့ ကို ထုတ်ဖော်ခဲ့တာ ကြောင့် ယူနိုက်တက်အသင်းက ထုတ်ပယ်လိုက်အပြီးမှာ ရော်နယ်ဒိုက ယူနိုက်တက်အသင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ခြေအနေကို ပြန်ပြောင်းပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ မကြေမလည်ဖြစ်ပွားခဲ့တဲ့ နည်းပြ ဆန်းတို့စ်ရဲ့ အလွန် ပေါ်တူဂီနည်းပြချူပ်အဖြစ် ခန့်အပ်ခြင်း ခံထားရတဲ့ မာတီနက်ဇ်က ယူရို ၂၀၂၄ ပြိုင်ပွဲအကြို ခြေစစ်ပွဲစဉ်ကစားမယ့် ပေါ်တူဂီလက်ရွေးစင်လူစာရင်းတွင် ရော်နယ်ဒိုကို ရွေးချယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ်ကစားရန် ရောက်ရှိနေချိန် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်းမှာ ရော်နယ်ဒို က ယူနိုက်တက်အသင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာအချို့ကို ပြန်လည် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ ကစားသမားဘဝကို စတင်ခဲ့ရာ ယူနိုက်တ်အသင်းမှာ ဒုတိယအကြိမ် လာရောက်ကစားခွင့်ရခဲ့ပေမဲ့ ကလပ်အသင်းနဲ့ ကစားသမားအကြား ခက်အခဲအချို့ကြုံတွေ့ခဲ့တာကြောင့် မန်ချက်စတာမြေကနေ ဆော်ဒီကလပ် အယ်နာဆာအသင်းတွင် ရော်နယ်ဒိုက ပြောင်းရွှေ့ကစားနေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာ ကြုံတွေ့ရတဲ့ အကြောင်းအရာတွေနဲ့ ပက်သက်ပြီး ရော်နယ်ဒိုက “ကိုယ်လုပ်ဆောင်ခဲ့တဲ့ အရာတွေက တစ်ခါတစ်ရံ အကောင်းဆုံးဖြစ်မနေသည့်တိုင် ဘဝမှာ နောင်တရနေစရာ အချိန်မရှိပါဘူး။ ဒါက ဘဝရဲ့ အမှတ်အသားတစ်စိတ်တစ်ပိုင်းမျှသာပါပဲ။ ဒီလိုပဲ ကြုံတွေ့နေကြရတာပါ” “ခင်ဗျားအနေနဲ့ တောင်ထိပ်ကို ရောက်နေတဲ့ အခါ တောင်ခြေမှာရှိနေတဲ့ အကြောင်းအရာတိုင်းကို ရှင်းလင်းစွာမြင်နိုင်ရန် ခက်ခဲပါတယ်။ ကျွန်တော်လည်း ဒီသဘောတရားကို ကြုံတွေ့ခဲ့ရတာပါပဲ။ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်မှု ပြုလုပ်ပြီး တစ်ချို့အရာတွေကို နားလည်နိုင်လာပြီလို့ ထင်ပါတယ်။ ပြီးတော့ ယခု ကျွန်တော်က ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာပါပြီ”

“ယူနိုက်တက်အသင်းမှာ ပြီးခဲ့တဲ့တစ်ခေါက် သွားရောက်ကစားခဲ့ရတာက ကျွန်တော့ ကစားသမား ဘဝအတွက် ဆိုးရွားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာတိုင်းမှာ အကြောင်းပြချက်ဆိုတာ ရှိတတ်ပါတယ်။ ကောင်းတာတစ်ခုက ကျွန်တော်အခက်အခဲရှိနေချိန် ဘယ်သူတွေက ကိုယ့်ဘက်ရပ်တည်ကြလဲဆိုတာကို မြင်တွေ့ရခဲ့ရပါတယ်။ ဘဝမှာ အကောင်းဆုံး အစိတ်အပိုင်းတစ်ခု မဟုတ်ရင်တောင် ကျွန်တော်ကတော့ ပရော်ဖက်ရှင်နယ်ပီသဖို့သာ အဓိက ဦးစားပေးဖြစ်ပါတယ်” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပေါ်တူဂီ #အပြောင်းအရွှေ့ #ရော်နယ်ဒို