ရှေ့သို့
Image

ကစားသမားဘဝကနေ အနားယူကြောင်း အာဆင်နယ်နဲ့ ရီးရဲလ်ကွင်းလယ်လူဟောင်း အိုဇေးလ် ကြေညာ

9:03 AM, 23 March

အာဆင်နယ်နဲ့ ရီးရဲလ်ကွင်းလယ်လူဟောင်း အိုဇေးလ်တစ်ယောက် အသက် ၃၄ နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာလိုက်ပါတယ်။

အိုဇေးလ်ဟာ ကမ္ဘာ့ဖလားဘောလုံးဇတ်ခုံရဲ့ သူကစားတဲ့နေရာမှာ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး ရီးရဲလ်အသင်းနဲ့အတူ ၂၀၁၂ တုန်းက လာလီဂါဖလားနဲ့ အာဆင်နယ်နဲ့အတူ ၂၀၁၄ ကနေ ၂၀၂၀ အထိ အက်ဖ်အေဖလား ၄ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျာမနီအသင်းမှာလည်း ၂၀၁၀ ၊ ၂၀၁၄ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတွေမှာ ပါဝင်ခဲ့ကာ နိုင်ငံအသင်းအတွက် ၉၂ ပွဲမှာ ၂၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

“ဘောလုံးလောကမှာ ၁၇ နှစ်ကျင်လည်ခဲ့ပြီးနောက် ကျွန်တော် အနားယူကြောင်း ကြေညာချင်ပါတယ်။ ဒီအခွင့်အရေးအတွက် ကျွန်တော်အများကြီး ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေ ၊ လတွေမှာ ကျွန်တော် ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ အခုအချိန်က ဘောလုံးလောကကို စွန့်ခွာရမယ့်အချိန်လို့ ကျွန်တော်ထင်ပါတယ်”လို့ အိုဇေးလ်က ပြောကြားခဲ့ပါတယ်။

အိုဇေးလ်ဟာ ဂျာမန်မြေမှာ ရှော်လ်ကေး ၊ ဝါဒါဘရီမင်တို့နဲ့အတူ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အဲ့နောက် ရီးရဲလ်မှာ ၃ နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် အာဆင်နယ်မှာ ၈ နှစ်နေခဲ့ကာ အဲ့နောက် ဖီနာဘာချီ ၊ အစ္စတန်ဘူအသင်းတွေထံ ပြောင်းရွှေ့ခဲ့ပါတယ်။ ဂျာမန်သားဟာ ပြောင်မြောက်တဲ့ပေးပို့မှုတွေကြောင့် နာမည်ကြီးလာခဲ့တာဖြစ်ပြီး ရီးရဲလ်နဲ့ ၃ ရာသီအတွင်း ဂိုး ၂၀ အနည်းဆုံးဖန်တီးနိုင်တဲ့စံချိန်ကို တင်နိုင်ခဲ့ပါတယ်။

အာဆင်နယ်မှာတော့ ၂၀၁၅ - ၁၆ ရာသီမှာ တစ်ရာသီတည်း ၁၉ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ဒေါ်လာ ၅၄.၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အာတီတာနဲ့ရန်မဖြစ်ခင် အသင်းအတွက် ၂၅၄ ပွဲမှာ ၄၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တူရကီမြေမှာတော့ ၂ နှစ်ကစားခဲ့ပေမယ့် ဆုဖလားမရခဲ့ပဲ အစ္စတန်ဘူမှာလည်း ဒဏ်ရာတွေနဲ့သာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဂျာမနီအသင်းရဲ့အကောင်းဆုံး ကစားသမားဆုကို ၅ ကြိမ်ရရှိခဲ့ကာ အိုဇေးလ်ဟာ နိုင်ငံအသင်းကို ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာတော့ နိုင်ငံအသင်းအတွက် နောက်ဆုံး ကစားပေးခဲ့ပြီး လူမျိုးရေးခွဲခြားမှု နဲ့ မလေးစားမှုတွေကြောင့် လက်ရွေးစင်အသင်းကနေ အနားယူခဲ့ပါတယ်။ အိုဇေးလ်က ကစားသမားဘဝကနေ အနားမယူခင်မှာ ပရိသတ်တွေ ၊ သူငယ်ချင်းတွေ နဲ့ မိသားစုတွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

“ကျွန်တော် အခုဇနီးသည် နဲ့ ကလေး ၂ ယောက်ကို အချိန်ပေးပါတော့မယ်။ ဒါပေမယ့် မင်းတို့ ငါ့ဆီကနေ သတင်းတွေကို လူမှုမီဒီယာကနေ ကြားရပါလိမ့်မယ်”လို့ အိုဇေးလ်က ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ရီးရဲလ်မက်ဒရစ် #အိုဇေးလ် #ပရီးမီးယားလိဂ်