ရှေ့သို့
Image

ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ့် အာဆင်နယ်နောက်ခံလူ တိုမီယာဆု

12:50 PM, 22 March

ပြီးခဲ့တဲ့ကြာသပတေးနေ့၊ စပို့တင်းလစ္စဘွန်းနဲ့ရင်ဆိုင်ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်း ဒူးဒဏ်ရာ ရရှိခဲ့တဲ့ အာဆင်နယ်နောက်ခံလူ တိုမီယာဆုဟာ မနေ့(အင်္ဂါနေ့)တုန်းက ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ရာသီကုန်အထိ အနားယူရတော့မယ်လို့ သိရပါတယ်။ စပို့တင်းလစ္စဘွန်းကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း အသက်-၂၄ နှစ်အရွယ် ဂျပန်လက်ရွေးစင်ကစားသမားရဲ့ညာဘက်ဒူးမှာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ထုတ်ပြန်ချက်မှာတော့ “တိုမီယာဆုရဲ့ဒူးဒဏ်ရာခွဲစိတ်ကုသမှုကို မနေ့(အင်္ဂါနေ့)၊ လန်ဒန်မြို့မှာ အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အသင်းမှာရှိနေတဲ့သူတိုင်းကလည်း တိုမီယာဆုနဲ့အတူ အလုပ်တွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်သွားပါမယ်။  ဒါကြောင့် သူက လာမယ့်ရာသီကြိုကာလမှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပါလိမ့်မယ်”လို့ ဖော်ပြခဲ့ပါတယ်။

တိုမီယာဆုက အခုဘောလုံးရာသီမှာ အာဆင်နယ်အတွက် ၃၁ ပွဲအထိ ပါဝင်ကစားပေးထားပြီး သူကစားပေးထားတဲ့ ပွဲစဉ်အများစုကတော့ အက်ဖ်အေဖလားပွဲစဉ်တွေနဲ့ ယူရိုပါလိဂ်ဖလားပွဲစဉ်တွေ ဖြစ်ပါတယ်။

#အာဆင်နယ် #တိုမီယာဆု #စပို့တင်း #ပရီးမီးယားလိဂ်