ရှေ့သို့
Image

အန်ဒွန်ဘီလီရဲ့ စာချုပ်ပါတန်ကြေး အတွက် ပြန်လည် ဆွေးနွေးရန် ဆန္ဒရှိနေတဲ့ နာပိုလီ

12:46 PM, 22 March

စီးရီးအေပြိုင်ပွဲအတွင်း ပုံစံကောင်းပြသာ အမှတ်ပေးဇယားကို ကာလရှည်ဦးဆောင်ထား ကာ အဆင့် ၂နေရာမှ လာဇီယိုအသင်းကို ရမှတ်သိသိသာသာ အသားစီးရယူပြီး စီးရီးအေ ချန်ပီယံဖြစ်ရန် နီးစပ်တဲ့အနေအထားကို ရောက်ရှိနေပြီဖြစ်တဲ့ နာပိုလီအသင်းက တော့တင်ဟမ်အသင်းကနေ အငှားခေါ်ယူထားခဲ့တဲ့ အန်ဒွန်ဘီလီ အတွက် စာချုပ်ပါအပြီးဝယ်ယူခွင့် တန်ကြေးကို ထပ်မံဆွေးနွေးလိုနေတာပဲ ဖြစ်ပါတယ်။

နာပိုလီအသင်းနဲ့ တိုရီနိုအသင်းတို့ ပြီးခဲ့တဲ့အပတ်၌ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် နည်းပြ စပယ်လက်တီရဲ့အသင်းက တိုရီနိုအသင်းကို ၄ဂိုး - ဝဂိုး ဖြင့်အနိုင်ရခဲ့ပြီး နာပိုလီအသင်းအတွက် ၂၅ပွဲအထိ ပွဲထွက်ကစားပေးခွင့်ရထားတဲ့ အန်ဒွန်ဘီလီက ပထမဆုံး စီးရီးအေသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အန်ဒွန်ဘီလီအနေဖြင့် ယခုနှစ်ဘောလုံးရာသီအတွင်း ခြေစွမ်းကောင်းပြသကာ ပုံမှန်ပွဲထွက်ကစားခွင့်ရထားပြီး နာပိုလီအသင်းနဲ့အတူ စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နာပိုလီအသင်းက ရာသီကုန်တွင် အသက် ၂၆နှစ်အရွယ် ကွင်းလယ်ကစားသမားအတွက် အငှားစာချုပ်တွင် ပါရှိထားသည့်အတိုင်း အပြီးဝယ်ယူသွားရန် ဆန္ဒရှိနေပြီး အပြောင်းအရွှေ့အထ မြောက်သွားမလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

အန်ဒွန်ဘီလီအတွက် အငှားစာချုပ်တွင် နာပိုလီအသင်းက ပေါင် ၂၆သန်းအဖြင့် အပြီးဝယ်ယူခွင့် ပါဝင်ပြီးဖြစ်ပေမဲ့ နာပိုလီအသင်းက အသုံးစရိတ်ချွေတာမှု တစ်ရပ်အနေဖြင့် တော့တင်ဟမ်အသင်းရဲ့ ကစားသမားသမား အပြောင်းအရွှေ့အကြီးအကဲ ဖေဘီယိုပရာတီစီ အပါအဝင် ဥက္ကဌဒန်နီယယ်လ်လီဗိုင်းတို့နဲ့ ဆွေးနွေးသွားရန် ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။

#စီးရီးအေ #နာပိုလီ #အန်ဒွန်ဘီလီ