ရှေ့သို့
Image

ရီးရဲလ်အသင်းနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးနေတဲ့ ကာမာဗင်ဂါ

10:37 AM, 22 March

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကွင်းလယ်လူ ကာမာဗင်ဂါကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပြီလို့ သိရကာ စာချုပ်ဖျက်သိမ်းကြေးက ပေါ ၈၇၄ သန်းထည့်သွင်းမယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ်ကစားသမားဟာ ရန်းနက်စ်ကနေ ပြောင်းလာပြီးကတည်းက ရီးရဲလ်ကွင်းလယ်ရဲ့အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး အသင်းအတွက် ၈၂ ပွဲအထိ ပါဝင်ကစားထားခဲ့ပါတယ်။ ကွင်းလယ်မှာ တိုနီခရူးစ် ၊ မိုဒရစ်တို့နဲ့အတူ ကာမာဗင်ဂါက အတွဲညီနေပြီး ဒီရာသီလာလီဂါ ၂၆ ပွဲအထိ ပါဝင်ကစားထားခဲ့ကာ ချန်ပီယံလိဂ်မှာ ပုံမှန်နေရာရနေတာဖြစ်ပါတယ်။

သတင်းတွေအရ ရီးရဲလ်အသင်းဟာ ကာမာဗင်ဂါရဲ့ကိုယ်စားလှယ်တွေနဲ့ စာချုပ်သစ်ကိစ္စကို ဆွေးနွေးနေပြီး ယူနိုက်တက်က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ အခုစာချုပ်သစ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၇၄ သန်းထည့်သွင်းမယ်လို့သိရပြီး မီလီတာအို ၊ ရိုဒရီဂို နဲ့ ဗင်နီဆီးယက်စ်တို့ကိုလည်း အခုလိုမျိုးပဲ လုပ်ဆောင်မယ်လို့ သိရပါတယ်။

ရီးရဲလ်အသင်းဟာ လာလီဂါချန်ပီယံဆုကို ဆက်ထိန်းနိုင်ဖို့ အလိုရှိနေပြီး ဘာစီလိုနာကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ထိပ်ဆုံးမှာ ၁၂ မှတ်ဖြတ်ကာ ဦးဆောင်နေဆဲဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ကာမာဗင်ဂါ