ပြည်တွင်းကနေ ထွက်ပေါ်လာတဲ့ အရည်အချင်းရှိ ကစားသမားနည်းပါးနေတဲ့အပေါ် ညည်းညူလိုက်တဲ့ အီတလီနည်းပြ မန်ချီနီ
10:15 AM, 22 March
ပြည်တွင်းလိဂ်မှာ အင်္ဂလိပ်ကစားသမားတွေ နည်းပါးလာတာနဲ့ ပတ်သက်ပြီး ဆောက်ဂိတ်က အဆိုးမြင်တဲ့ မှတ်ချက်ပေးပြီးနောက် အီတလီဟာဆိုရင် အင်္ဂလန်ထက်ဆိုးပါတယ်လို့ မန်ချီနီက ပြောကြားလိုက်ပါတယ်။ စီးရီအေချို့အသင်း ၃ သင်းဟာ လက်ရှိရာသီချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သော်လည်း အီတလီရဲ့အနာဂတ်အပေါ် လက်ရွေးစင်နည်းပြက အကောင်းမြင်မှုနည်းနေတာဖြစ်ပါတယ်။
ဥရောပချန်ပီယံရှစ် ခြေစစ်ပွဲအဖြစ် ကြာသပတေးနေ့ နေပယ်လ်မှာ ကစားမယ့်ပွဲမတိုင်ခင် ဆောက်ဂိတ်ရဲ့ ပြဿနာက အီတလီနဲ့ယှဉ်လိုက်ရင် သေးသေးလေးပါလို့ မန်ချီနီက ပြောကြားထားပါတယ်။ အခြားနိုင်ငံတွေမှာ မွေးဖွားတဲ့ ကစားသမားတွေကို ခေါ်ယူခြင်းနှင့်ပတ်သက်ပြီး သူ့ရဲ့ရပ်တည်ချက်ကို သူသိရှင်ကြား ပြောင်းလဲလိုက်တဲ့အချိန်မှာ မှတ်ချက်တွေပေးခဲ့တာဖြစ်ပြီး မန်စီးတီး နည်းပြဟောင်းက ၂၀၁၅ခုနှစ် ဝေဖန်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။
မန်ချီနီက "ကမ္ဘာကြီးကပြောင်းလဲသွားပါပြီ။ အီတလီမှာ မွေးဖွားတဲ့ ကစားသမားတွေက နိုင်ငံ့လက်ရွေးစင်အသင်း အတွက် ကစားပေးသင့်တယ်လို့ လွန်ခဲ့တဲ့နှစ်တွေမှာ ပြောဖူးပေမယ့် ဒီပြဿနာကလည်း မရှိသေးသလို ကမ္ဘာကြီးကလည်း ပြောင်းလဲသွားခဲ့ပါပြီ" "ဥရောပနိုင်ငံက အသင်းအားလုံးမှာ အခြားနိုင်ငံကခေါ်ယူထားတဲ့ ကစားသမားတွေရှိပါတယ်။ ကျွန်တော်တို့မှာလည်း အခြားနိုင်ငံက ခေါ်ယူထားတဲ့ ကစားသမားတွေရှိခဲ့ပါတယ်" "ကျွန်တော်တို့ကလည်း ဒီလိုပဲလုပ်နေကြတာပါ။ ပြောစရာကိုမလိုတော့တာပါ။ အီတလီမှာဆိုရင် ရွေးချယ်စရာက နည်းနည်းပဲရှိပါတယ်" "ကျွန်တော်တို့က ဆောက်ဂိတ်ထက်ပိုဆိုးပါတယ်။ ကစားသမားတွေသစ်တွေ ခေါ်ယူဖို့ အလားအလာရှိခဲ့ရင် ကျွန်တော်တို့က ခေါ်ယူသွားမှာပါ" လို့ ပြောပါတယ်။
အီတလီမှာ လမ်းမပေါ်မှာ ဘောလုံးကစားခြင်းမရှိလာတော့ဘဲ အရည်အချင်းရှိလူငယ်ကစားသမားတွေက အကယ်ဒမီသို့သာ တက်ရောက်နေကြတယ်လို့ မှတ်ချက်ချပြောဆိုထားပါတယ်။ "အီတလီမှာဆိုရင် ဘယ်သူကမှ လမ်းပေါ်မှာ ဘောလုံးမကစားကြတော့ပါဘူး။ ကျွန်တော်တို့တုန်းကဆိုရင် လမ်းပေါ်မှာ ၃ ၊ ၄ နာရီလောက် ကစားကြပြီး အဲ့နောက် လေ့ကျင့်ချင်ကြပါတယ် ဒီနေ့ခေတ်မှာ အဲ့ဒီလိုတွေထပ်ဖြစ်လာမှာမဟုတ်တော့ပါဘူး" "ဥရုဂွေး၊ အာဂျင်တီးနား ဒါမှမဟုတ် ဘရာဇီးတို့လိုနိုင်ငံတွေမှာ မွေးဖွားတဲ့ကစားသမားတွေက တိုက်ဆိုင်မှုမဟုတ်ပါဘူး၊ တော်တော်များများက လမ်းပေါ်မှာ ကစားနေကြတုန်းပါ"လို့ မန်ချီနီက ပြောပါတယ်။
အာဂျင်တီးနား တိုက်စစ်မှုး မက်တီယိုရီတီဂူဟာ ယခုကစားမယ့် ခြေစစ်ပွဲအတွက် အီတလီအသင်းရဲ့ ပထမဆုံး ခေါ်ယူခြင်းကိုခံခဲ့ရပြီး ဆမ်ဒိုးရီးယား တိုက်စစ်မှုးဟောင်းက ဆွေးနွေးမှုမှာ ပါဝင်လာခဲ့ပါတယ်။ အာဂျင်တီးနားမှာ မွေးဖွားပြီး လက်ရှိမှာလည်း အာဂျင်တီးနားကလပ်ဖြစ်တဲ့ တီဂရီအတွက် ကစားနေကာ ၄၆ ပွဲမှာ ၂၃ ဂိုး သွင်းယူထားတဲ့ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့အီတလီလူမျိုးအဖွားမှတဆင့် အီတလီနိုင်ငံကူးလက်မှတ်ကိုရရှိခဲ့ပါတယ်။
သူဟာ လူငယ်အဆင့်မှာ အာဂျင်တီးနားအတွက် ကိုယ်စားပြုခဲ့သော်လည်း စီနီယာအဆင့်မှာတော့ ကိုယ်စားပြုကစားထားရခြင်းမရှိသေးပါဘူး။