ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်ဘယ်လင်ဂန်ကို ခေါ်ယူရန် ပြင်ဆင်လာနိုင်ခြေရှိနေတဲ့ မန်စီးတီး

11:49 AM, 21 March

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ၃နှစ်ဆက်ချန်ပီယံဖြစ်ရန်အတွက် ရမှတ် ၆၁မှတ်ဖြင့် အမှတ်ပေးဇယားထိပ်မှ အာဆင်နယ်အသင်းကို ဆက်လက်ဖိအားပေးထားတဲ့ မန်စီးတီးအသင်းက လာမယ့်နှစ်ရာသီတွင် အင်အားစုဖွဲ့မှု ပိုတောင့်တင်းလာစေရန် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်စတား ဘယ်လင်ဂန်ကို ခေါ်ယူဖို့ ပြင်ဆင်လျှက်ရှိကြောင်း သတင်းထွက်လာတာပဲ ဖြစ်ပါတယ်။

ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ နည်းပြ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက လီဗာပူးအသင်းကို ပြောင်းရွှေ့နိုင်ခြေ နည်းပါးနေတဲ့ ဆယ်ကျော်သက် ဘွန်ဒက်စ်လီဂါ အကျော်အမော် ဘယ်လင်ဂန်အတွက် ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းကို အသာရယူကာ ခေါ်ယူနိုင်ရန် ယုံကြည်မှု ရှိနေတာ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းက ဘယ်လင်ဂန်ကို ၁နှစ်ခန့် ထပ်မံထိန်းသိမ်းလိုပေမဲ့ မန်စီးတီးအသင်းက အဆိုပါဆယ်ကျော်သက်ကြယ်ပွင့် အတွက် လာမယ့်နှစ်ရာသီကြိုအပြောင်းအရွေ့ကာလအတွင်းမှာ အပြီးခေါ်ယူနိုင်ရန် အာရုံစိုက်နေပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဘာနန်ဒိုဆေးလ်ဗားကို ပြန်လည် ခေါ်ယူလာနိုင်တာလည်း ဖြစ်ပါတယ်။

ပေါ်တူဂီကွင်းလယ်လူအတွက် ပြီးခဲ့တဲ့ ရာသီမှာ ဘာစီလိုနာအသင်းကပါ ချိတ်ဆက်ခဲ့ဖူးပြီး အပြောင်းအရွှေ့မထမြောက်ခဲ့ဘဲ ရီးရဲလ်မက်ဒရစ်အသင်းကပါ ခေါ်ယူရန် အာရုံစိုက်လာတာ ဖြစ်ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက အသက် ၃၈နှစ်အရွယ် လူကာမိုဒရစ်ရဲ့ နေရာတွင် အစားထိုးအသုံးပြုနိုင်ရန် ကွင်းလယ်ကစားသမား တစ်ဦးကို အချိန်မီရှာဖွေလျှက်ရှိပြီး ပရီးမီးယားလိဂ်ကလပ်အသင်းအချို့ရဲ့ ပစ်မှတ် ဆယ်တာဗီဂို ကွင်းလယ်ကစားသမား ဂါဘရီဗီဂါကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ 


#မန်စီးတီး #ရီးရဲလ်မက်ဒရစ် #ဘယ်လင်ဂမ် #ပရီးမီးယားလိဂ်