ရှေ့သို့
Image

အဲဗာတန်နဲ့ ပွဲက စိတ်ပျက်စရာပွဲတစ်ပွဲဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ဘိုလေ

12:46 PM, 20 March

စနေနေ့က အဲဗာတန်ကို ၂-၂ သရေကျခဲ့တဲ့ပွဲအပြီး ချဲလ်ဆီးအသင်းပိုင်ရှင် ဘိုလေက စိတ်ပျက်စရာပွဲတစ်ပွဲဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပေါ်တာရဲ့အသင်းဟာ ဂျာအိုဖီးလစ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒူကိုရေးက ချေပဂိုးပြန်သွင်းခဲ့ကာ အဲ့နောက် ကိုင်ဟာဗက်ရဲ့ဂိုးနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပေမယ့် အဲဗာတန်က  အီလစ်ဆင်းရဲ့ဂိုးနဲ့ သရေတစ်မှတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါသရေပွဲကြောင့် ချဲလ်ဆီးအသင်းဟာ အဆင့် ၄ နေရာက တော့တင်ဟမ်နဲ့ ၁၁ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ကာ စနေနေ့က တော့တင်ဟမ်ကလည်း ဆောက်သမ်တန်ကို သရေကျခဲ့တာဖြစ်ပါတယ်။ အဲဗာတန်နဲ့ပွဲရလဒ်ကို ချဲလ်ဆီးပရိသတ်တွေအပြင် အသင်းတာဝန်ရှိသူ ဘိုလေကိုယ်တိုင်ပါ စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။

အဲ့နောက်တွစ်တာမှာ  ဘိုလေတစ်ယောက် “စိတ်ပျက်စရာပွဲတစ်ပွဲ”လို့ တင်ခဲ့ပါတယ်။ ရလဒ်ပိုင်းနဲ့ပတ်သက်ပြီး ပေါ်တာက “ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ကွင်းမှာ ၂ မှတ်လျော့ခဲ့တာကြောင့်ပါ။ ကျွန်တော်တို့ အနိုင်ရချင်ခဲ့ပါတယ်။ ပြီးတော့ အသင်းရဲ့ဦးတည်ချက်ကိုလည်း မြင်ခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ အပေါင်းလက္ခဏာဆောင်တဲ့ စွမ်းဆောင်ရည်ကို တွေ့ခဲ့ရပေမယ့် ခံစစ်က ကောင်းကောင်းမစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၂ ဂိုးပေးလိုက်ရပြီး ပွဲက နိုင်ဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ စိတ်ပျက်မိတာပါ။ အဲဗာတန်ကိုလည်း ချီးကျူးရမှာပါ။ သူတို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာကို အသုံးပြုခဲ့ကာ တည်ကန်ဘောတွေကိုလည်း အသုံးပြုခဲ့ပါတယ်။ ပွဲကစားချိန်အများစုကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ပထမဂိုးက တည်ကန်ဘောကနေ ပေးလိုက်ရလို့ စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ပွဲမတိုင်ခင် အဲ့တာကို ပြောဖြစ်ပါတယ်။ ဒုတိယဂိုးကတော့ နောက်တန်းအမှားကနေ ပေးလိုက်ရတာပါ။ ခံစစ်ကလည်း မကောင်းခဲ့ပါဘူး။ အမှားသေးသေးလေးတွေကနေ ပွဲကို ထိခိုက်စေခဲ့တာပါ”လို့ ပေါ်တာက ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #အဲဗာတန် #တော့ဒ်ဘိုလေ #ပရီးမီးယားလိဂ်