ရှေ့သို့
Image

အာဖရိကဂန္တဝင် အီတူး၏ စီးရီးအေ ဂိုးသွင်းစံချိန်ကို လိုက်မှီခဲ့တဲ့ အိုဆီမန်

11:21 AM, 20 March

တိုရီနိုနဲ့ နာပိုလီ အသင်းတိုရဲ့ စီးရီးအေပွဲစဉ်မှာ နာပိုလီတိုက်စစ်မှူး အိုဆီမန်က ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ထို့ကြောင့် အိုစီမန်အနေဖြင့် အာဖရိကဂန္ထဝင် အီတိုး ၏စီးရီးအေ ဂိုးသွင်းစံချိန်နှင့်တူညီသွားခဲ့ပါတယ်။

အာဖရိက ကစားသမားတစ်ဦးမှ တစ်ရာသီအတွင်း စီးရီးအေ သွင်းဂိုးအများဆုံး ၂၁ ဂိုးထိသွင်းယူနိုင်ခဲ့ပြီး အဆိုပါကစားသမားမှာ အင်တာမီလန်တိုက်စစ်မှူးဟောင်း အီတိုးဖြစ်ပါတယ်။ ယခုအခါ  အိုဆီမန်အနေဖြင့် အီတိုး၏စံချိန်ကိုလိုက်မှီနိုင်ခဲ့သည့်အပြင် နောက်ထပ်စံချိန်သစ်များတင်ရန် အရှိန်မြှင့်နေကြောင်းသိရပါတယ်။

အိုဆီမန်သည် ယခုရာသီတွင် နာပိုလီအတွက်ပွဲ ၃၀ တွင် ၂၅ ဂိုးသွင်းယူပြီး ၅  ဂိုး ဖန်တီးထားသောကြောင့် တစ်ပွဲလျှင် ပျမ်းမျှ ၁ ဂိုးနှုန်းဖြင့် ပါဝင်ပက်သက်မှုရှိနေတာဖြစ်ပါတယ်။ စီးရီးအေတွင် ၂၃ ပွဲမှာ ၂၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်၊ ချန်ပီယံလိဂ် ၅ ပွဲမှာ ၄ ဂိုး သွင်းယူထားနိုင်ပြီး ကိုပါအီတလီယာ ၁ပွဲ ကစားပြီးချိန်မှာတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပါဘူး။

ယခင်သတင်းများအရ အိုဆီမန်အတွက် နာပိုလီ၏ တောင်းဆိုမှုဈေးနှုန်းသည် ယူရိုသန်း ၁၀၀ ကျော်ဖြစ်ပေမယ့် ယခုအခါ အဆိုပါကစားသမားသည် သန်း ၁၆၀ တန်ကြေးရှိသည်ဟု ယုံကြည်နေကြောင်းသိရပါတယ်။

#စီးရီးအေ #နာပိုလီ #အိုဆီမန်