ရှေ့သို့
Image

တော့တင်ဟမ်အသင်း အနေနဲ့ ကွန်တီကို မထုတ်ပယ်သင့်ကြောင်း အကြံပြုတိုက်တွန်းခဲ့တဲ့ ဂယ်ရီနဗီးလ်

11:13 AM, 20 March

ဂယ်ရီနဗီးလ်က တော့တင်ဟမ်အသင်းသည် ၎င်းတို့၏နည်းပြဖြစ်သူကွန်တီအား နည်းပြနေရာ၌ ဆက်လက်ထားရှိသင့်ပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် အတွက် ကူညီဆောင်ရွက်ပေးသင့်သည်ဟု ဂယ်ရီနဗီးလ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

တော့တင်ဟမ်အသင်းသည် စနေနေ့က ဆောက်သမ်တန်ကို ၃-၃ဖြင့် သရေကျပြီးနောက် အသက် ၅၃ နှစ်အရွယ် အီတလီနည်းပြကြီးသည် ကစားသမားများ၏ စိတ်ဓာတ်ကို အံ့အားသင့်စေကာ ကလပ်တွင် ဆယ်စုနှစ် နှစ်ခုကြာ စီမံခန့်ခွဲရေးမှူးများ မည်သို့လုပ်ဆောင်ခဲ့သည်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ လက်ရှိရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွန်တီရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိနေပေမယ့် သူ့ရဲ့မှတ်ချက်တွေကြောင့် အသင်းကနေ ထွက်ခွာတော့မယ်လို့ လူတချို့က ယုံကြည်နေကြပါတယ်။

အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ကာရေဂါက အီတလီသားကို တော့တင်ဟမ် ဘုတ်အဖွဲ့က ထုတ်ပယ်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဂယ်ရီနဗီးလ်က စပါးအသင်းအနေနဲ့ ကွန်တီကို ထိန်းသိမ်းထားရမယ်ဆိုတဲ့ အကြောင်းပြလိုက်ပြီး ပြဿနာတွေကို ထုတ်ပယ်သောနည်းဖြင့် ရှင်းနေရုံနဲ့မပြီးပဲ အခြားသောနည်းလမ်းဖြင့် ဖြေရှင်းနိုင်စေဖို့အတွက် ပြောဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းက ယူနိုက်တက် ညာနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က 'ကွန်တီ ဒီမနက် ထွက်သွားသင့်တယ်လို့ တော်တော်များများ ပြောနေကြတယ်။ ကျွန်တော်ဆိုရင် သူ့ကို ထိန်းထားပြီး သူ့အလုပ်ကို လုပ်ခိုင်းမယ်။'ဟုပြောကြားခဲ့ပါတယ်။ ကာရေဂါနှင့် ဂယ်ရီနဗီးလ်တို့သည် တွစ်တာတွင် ကွန်တီ ကိစ္စနှင့်ပတ်သက်၍ အပြန်အလှန်ငြင်းခုံမှုများဖြစ်ခဲ့ကြပါတယ်။

ကာရေဂါသည် ဂယ်ရီနဗီးလ် တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သော လိဂ်တူးကလပ် ဆယ်ဖို့ဒ်စီးတီးအသင်းနည်းပြအား ထုတ်ပယ်ခြင်းနှင့် ပတ်သက်ပြီး ယခု ကွန်တီကို ကာကွယ်ပြောဆိုနေခြင်းအပေါ်မေးခွန်းထုတ်ခဲ့ပါတယ်။
ဆယ်ဖို့ဒ်စီးတီးအသင်း နည်းပြဟောင်းဖြစ်သူ  ရစ်ချီဝယ်လန် သည် ၂၀၂၀-၂၀၂၁ ခုနှစ်ကြားတွင် မန်နေဂျာဖြစ်ခဲ့ပြီး ကွန်တီနည်းတူ ကစားသမားများကို ပြစ်တင်ဝေဖန်မှုပြုလုပ်ပြီးနောက် ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

တော့တင်ဟမ်မှာ ဘာကြောင့် ဒီလိုမျိုး မကျင့်သုံးသင့်လဲလို မေးလာတဲ့အခါ နဗီးလ်က "ကွန်တီက ဒီရာသီမှာ အဆင့်‌ ၄ နေရာနဲ့ ချန်ပီယံလိဂ်ဝင်အောင်လုပ်ဆောင်နိုင်ပါတယ်။ ဒါကဆယ်ဖို့ဒ်စီးတီး အနေနဲ့ မလုပ်နိုင်တဲ့ကိစ္စပါ"လို့ ပြောကြားခဲ့ပါတယ်။ ဂယ်ရီနဗီးလ်ရဲ့ ရေးသားချက်ကို ကာရေဂါက "ဆယ်ဖို့ဒ်နည်းပြဟောင်းဟာ ချန်ပီယံလိဂ်ဝင်အောင်မလုပ်နိုင်ပေမယ့် မထုတ်ပယ်ခံရခင် တစ်ပတ်အလိုမှာပဲ သူတို့ကို အီးအက်ဖ်အယ်ဆုဖလား ကိုင်မြှောက်နိုင်အောင်လုပ်နိုင်သူဖြစ်ပါတယ်" လို့ချေပခဲ့တာဖြစ်ပါတယ်။

အေစီမီလန်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်မှ ထွက်ခွါခဲ့ရတဲ့ တော့တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့်လေးနေရာကို ရအောင်လုပ်ပြီး နောက်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က သူတို့ရဲ့တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပါတယ်။ ကွန်တီ၏ တော့တင်ဟမ်အသင်းသည် လက်ရှိ ပရီမီးယားလိဂ်တွင် စတုတ္ထနေရာတွင် ရပ်တည်နေပြီး ယူနိုက်တက်အသင်းနှင့် တစ်မှတ်သာ ကွာဟသော်လည်း ၂ ပွဲ ပိုကစားထားပြီးဖြစ်ပါတယ်။

#တော့တင်ဟမ် #ကွန်တီ #ဂယ်ရီနဗီးလ် #ပရီးမီးယားလိဂ်