ရှေ့သို့
Image

အသင်းကနေထွက်ချင် ထွက်နိုင်တယ်လို့ မေဆင်မောင့်ကို အသိပေးခဲ့တဲ့ ချဲလ်ဆီး

1:31 PM, 19 March

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား မေဆင်မောင့်ကို နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းချင်ရင် လွတ်လပ်စွာ ပြောင်းခွင့်ရှိကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ လာမယ့်ရာသီမှာ ချဲလ်ဆီးနဲ့စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းက ကာလရှည်စာချုပ်သစ် ချုပ်ဆိုဖို့ကြိုးစားမှုကို ငြင်းပယ်ခဲ့ပါတယ်။ 

အသင်းပိုင်ရှင်တော့ဒ်ဘိုလီက မောင့်ကိုအသင်းမှာ ဆက်ထိန်းဖို့ဆုံးဖြတ်ခဲ့ပေမယ့် ချဲလ်ဆီးဘက်က ကမ်းလှမ်းလာတဲ့ လစာပမာဏနဲ့ ပက်သက်လို့ ကွင်းလယ်ကစားသမားက မပျော်မရွှင်ဖြစ်နေပါတယ်။ ၂၄ နှစ်အရွယ် ကစားသမားဟာ ၂၀၁၉ တုန်းက နောက်ဆုံးစာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး ယခုချဲလ်ဆီးက ကမ်းလှမ်းမယ့် ကာလှရည်စာချုပ်သစ်မှာတော့ အသင်းရဲ့လစာအများဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ချင်နေတာ ဖြစ်ပါတယ်။ 

ဆွေးနွေးမှုတွေက တိုးတက်မှုနည်းပါးလျက်ရှိတာကြောင့် ၂၀၂၄ မှာ မောင့်ကိုအလွတ်နဲ့ ဆုံးရှုံးရနိုင်တဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ အဲ့ဒါကြောင့် ဒီနွေရာသီဟာ မေဆင်မောင့်အတွက် ပြောင်းရွှေ့ကြေး အများဆုံးရနိုင်မယ့် အချိန်ဖြစ်တာကြောင့် ရောင်းချဖို့အတွက်ပါ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ အခြားသတင်းတွေအရတော့ အင်္ဂလန်သားနဲ့ အနောက်လန်ဒန်ကလပ်ရဲ့ စာချုပ်သစ် ဆွေးနွေးမှုဟာ လုံးဝကို ပျက်ပြယ်သွားခဲ့ပြီဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။ ချဲလ်ဆီးဟာ မောင့်ကိုတစ်ပတ်လုပ်ခ ၁၈၀၀၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကွင်းလယ်ကစားသမားကတော့ အသင်းဖော် ရီဆီဂျိမ်းစ်ရဲ့ လစာနှုန်းထားဖြစ်တဲ့ တစ်ပတ်ပေါင် ၂၅၀၀၀၀ ကိုသာ လိုချင်နေပါတယ်။ 

ရလဒ်အနေနဲ့ကတော့ အင်္ဂလန်သားကို ၂၀၂၃-၂၄ ရာသီမတိုင်ခင် ရောင်းဖို့စီစဉ်လာသလို မောင့်ဘက်ကလည်း အေဂျင့်သစ် နေးလ်ဖျူဝင်းစ်နဲ့ လက်တွဲပြီး အသင်းသစ်ရှာဖို့ ကြိုးစားနေပါတယ်။ လီဗာပူးကလည်း အဓိကပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်ကဂျုဒ်ဘယ်လင်ဂန်ထက် ဈေးပိုသက်သာမယ့် မောင့်ကိုစိတ်ဝင်စားလျက်ရှိပါတယ်။ မောင့်ကလည်း နည်းပြဂျာဂန်ကလော့ပ်ရဲ့လက်အောက်မှာ ကစားဖို့စိတ်ဝင်စားနေပေမယ့် မန်ချက်စတာယူနိုက်တက်ကလည်း မေဆင်မောင့်ရဲ့ အခြေအနေကို စောင့်ကြည်နေပါတယ်။ 

#ချဲလ်ဆီး #မေဆင်မောင့် #ပေါ့တာ #ပရီးမီးယားလိဂ်