ရှေ့သို့
Image

လီဂူးဝမ်းပွဲစဉ် (၂၈) ရိမ်းစ်-မာဆေးလ် ပွဲကြိုခန့်မှန်းချက် (နံနက် ၂:၁၅)

10:30 AM, 19 March

ဒဏ်ရာရပွဲပယ်

---------------


ရိမ်းစ် - အက်ဂ်ဘာဒူး (မသေချာ)

မာဆေးလ် - ဘလာဒီ (ပွဲပယ်ပြစ်ဒဏ်)၊ ဟာအစ် (သေချာပေါက်လွဲ)

ခြေစွမ်းပြနိုင်ပွဲဆက်နေတဲ့ ရိမ်းစ်အတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင်ရမှာပါ။ မာဆေးလ်က ချန်ပီယံလိဂ်ဝင်ခွင့်သေချာစေဖို့ ရမှတ်လိုအပ်ချက်ရှိနေသလို ရိမ်းစ်ကလည်း ဥရောပပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက်ရေးရေးလေးရှိနေပါတယ်။ ရိမ်းစ်က လီဂူးဝမ်းနောက်ဆုံးငါးပွဲမှာ လေးပွဲ အနိုင်ရခဲ့သလို ပေးဂိုးလည်းမရှိခဲ့ပါဘူး။ တဖက်မှာလည်း မာဆေးလ်က လီဂူးဝမ်းအဝေးကွင်းနောက်ဆုံးငါးပွဲဆက် အနိုင်ရရှိထားပါတယ်။ နှစ်သင်းလုံးရဲ့ခြေစွမ်းပိုင်းက အတော်လေးကောင်းမွန်တာကြောင့် သေချာပေါက်စောင့်ကြည့်သင့်တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ နှစ်သင်းလုံးရဲ့တိုက်စစ်၊ ခံစစ်က အကောင်းဆုံးပုံစံမှာရှိနေလို့ တိုက်စစ်ကို သိပ်မဖွင့်ဘဲ နည်းဗျူဟာကျကျချဉ်းကပ်လာမယ်လို့ ယူဆမိပါတယ်။ သွင်းဂိုးတွေနည်းပါးနိုင်တဲ့ပွဲစဉ်ဖြစ်လို့ ဂိုးအောက်ကိုပဲ ပိုကြိုက်မိပါတယ်။ 

.

ရိမ်းစ် - မာဆေးလ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

----------------------------------------------------------------

မာဆေးလ် ၄ - ၁ ရိမ်းစ် (၈-သြဂုတ်-၂၀၂၂)

ရိမ်းစ် ၀ - ၁ မာဆေးလ် (၂၅-ဧပြီ-၂၀၂၂)

မာဆေးလ် ၁ - ၁ ရိမ်းစ် (၂၃-ဒီဇင်ဘာ-၂၀၂၁)

ရိမ်းစ် ၁ - ၃ မာဆေးလ် (၂၄-ဧပြီ-၂၀၂၁)

မာဆေးလ် ၁ - ၁ ရိမ်းစ် (၂၀-ဒီဇင်ဘာ-၂၀၂၀)

.

ရိမ်းစ် နောက်ဆုံး (၅) ပွဲရလဒ်

----------------------------

မိုနာကို ၀ - ၁ ရိမ်းစ် (၁၂-မတ်-၂၀၂၃)

ရိမ်းစ် ၁ - ၀ အေဂျက်စီယို (၅-မတ်-၂၀၂၃)

ရိမ်းစ် ၃ - ၀ တူးလော့စ် (၂၆-ဖေဖော်ဝါရီ-၂၀၂၃)

နိုက်စ် ၀ - ၀ ရိမ်းစ် (၁၈-ဖေဖော်ဝါရီ-၂၀၂၃)

ရိမ်းစ် ၄ - ၀ ထရိုယက်စ် (၁၂-ဖေဖော်ဝါရီ-၂၀၂၃)

.

မာဆေးလ် နောက်ဆုံး (၅) ပွဲရလဒ်

-------------------------------

မာဆေးလ် ၂ - ၂ စထရာဘော့ (၁၃-မတ်-၂၀၂၃)

ရန်းနက်စ် ၀ - ၁ မာဆေးလ် (၆-မတ်-၂၀၂၃)

မာဆေးလ် ၂ - ၂ အန်နီစီ (၂-မတ်-၂၀၂၃)

မာဆေးလ် ၀ - ၃ ပီအက်စ်ဂျီ (၂၇-ဖေဖော်ဝါရီ-၂၀၂၃)

တူးလော့စ် ၂ - ၃ မာဆေးလ် (၂၀-ဖေဖော်ဝါရီ-၂၀၂၃)


#ပွဲကြိုသုံးသပ်ချက် #မာဆေးလ် #လီဂူးဝမ်း #ရိမ်းစ်