ရှေ့သို့
Image

အင်တာမီလန်နှင့်ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်အား စီးရီးအေ ဒုတိယနေရာအတွက် ကာကွယ်သလိုကစားမည့် ဂျူဗင်တပ်စ်

11:38 AM, 19 March

အယ်လီဂရီသည် ဂျူဗင်တပ်စ်၏ စီးရီးအေတွင် အမှတ်ဖြတ်ခံရခြင်းကို ဂရုမစိုက်ဘဲ ၎င်း၏အသင်းသားများကို တနင်္ဂနွေတွင် အင်တာမီလန်နှင့် ရင်ဆိုင်ရမည့် ပွဲစဉ်အား ဒုတိယနေရာကို ကာကွယ်ရန် ပြောကြားခဲ့ပါတယ်။


ဂျူဗင်တပ်အသင်းသည် သည် ဇန်နဝါရီတွင် ဘဏ္ဍာရေးမသမာမှုများကြောင့် ၁၅ မှတ်ဖြတ်တောက်ခံရပြီး ရပ်တည်မှုပြိုလဲသွားကာ လာမည့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ပြင်းထန်သောတိုက်ပွဲများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။


ဂျူဗင်တပ်စ်အသင်းသာ ရမှတ်အဖြတ်မခံရပါက နာပိုလီထက် ၁၅ မှတ်နည်းပြီး အင်တာမီလန်အား ၃ မှတ်ဖြတ်ကာ ဒုတိယနေရာမှာရှိနေမှာဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းသည်လက်ရှိ ဇယားတွင် အဆင့် ၇ နေရာတွင် ရပ်တည်နေပြီး အဆင့်လေးနေရာမှ အေစီမီလန်နှင့် ၁၀ မှတ်အကွာတွင် ရပ်တည်နေသော်လည်း အယ်လီဂရီက  အင်တာမီလန်နှင့် ထိပ်တိုက်တွေ့ဆုံမှုမှာ ဒုတိယနေရာအတွက် တိုက်ပွဲတစ်ခုဖြစ်သည်ဟု ယူဆနေကြောင်းသိရပါတယ်။


"ကျွန်တော်တို့ ဒုတိယနေရာကို ကာကွယ်ဖို ဆန်စီရိုကို သွားနေပါတယ်။ မပင်ပန်းမချင်း ထပ်လုပ်သွားမှာပါ။ ကျွန်တော်တို့သာ ရမှတ်အဖြတ်မခံရရင် အင်တာမီလန်ထက် ၃မှတ်၊ အေစီမီလန်ထက် ၅မှတ်၊ လာဇီယိုထက် ၄ မှတ်နဲ့ ရိုးမားထက် ၆ မှတ်သာနေပြီး ဒုတိယနေရာမှာရှိနေမှာပါ။နှစ်ကုန်မှာ အသင်းရဲ့က အမှတ်ပေးဇယား အဆင့် ၆ ဒါမှမဟုတ် အဆင့် ၅ နေရာမှာ ရှိနေမယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်တယ်လို့မပြောနိုင်ပါဘူး။ ကွင်းထဲမှာ အကောင်းဆုံးကစားပြီးတော့ လိဂ်ရဲ့ထိပ်ဆုံးလေးသင်းထဲဝင်ဖို့လိုအပ်ပါတယ်။" ဟု အယ်လီဂရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 


အယ်လီဂရီသည် တနင်္ဂနွေနေ့တွင် အင်တာမီလန်အသင်းနှင့် ဆန်စီရို၌ ယှဉ်ပြိုင်ရမည့် ပွဲစဉ်နှင့်ပက်သက်ပြီး ထင်ယောင်ထင်မှားမရှိသော်လည်း၊ ဂျူဗင်တပ်စ်သည် ကစားသမား ၁၀ဦး ဖြင့်ကစားခဲ့တဲ့ ဖရိုင်းဘတ်အသင်းကို အသည်းအသန်ကစားပြီးမှ ၂-၀ ဖြင့် အနိုင်ရခဲ့တဲ့ ကြာသပတေးနေ့ ယူရိုပါလိဂ်ပွဲမှ ၎င်းကစားသမားများရဲ့တိုးတက်မှုကို အလိုရှိနေပါတယ်။


"အသင်းအနေနဲ့ ကြာသပတေးနေ့ညမှာကစားခဲ့တဲ့ ဖရိုင်းဘတ် နဲ့ ဒုတိယပိုင်းထက် ပိုကောင်းအောင် လုပ်ရပါမယ်။ အိမ်ကွင်းမှာ ကောင်းကောင်းကစားနိုင်တဲ့ အသင်းနဲ့ ကစားရမယ်ဆိုတာ သတိပြုရပါမယ်။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားရမှာပါ၊ မနက်ဖြန်ဆိုတာ ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုပါ။ ဒီပြိုင်ပွဲတွေမှာ ထိပ်ဆုံးက ရပ်တည်နိုင်ဖို့ ကြိုးစားရပါမယ်။ လိဂ်ကွာဟချက်တွေကို ပိတ်ဖို့က ခက်ခဲမှာပါ၊ ဒါပေမယ့် ကျွန်တော်တို့ ၅၃ မှတ်ရတယ်လို့ပဲစိတ်ထဲမှာ အမှတ်ရနေရမှာပါ။" ဟု အယ်လီဂရီက ပြောကြားခဲ့ပါတယ်။


#စီးရီးအေ #ဂျူဗင်တပ်စ် #အယ်လီဂရီ