ရှေ့သို့
Image

လီဂူးဝမ်းပွဲစဉ် (၂၈) ပီအက်စ်ဂျီ-ရန်းနက်စ် ပွဲကြိုခန့်မှန်းချက် (ည ၁၀:၃၅)

10:44 AM, 19 March

ဒဏ်ရာရပွဲပယ်

---------------

ပီအက်စ်ဂျီ - နေမာ၊ မာကွင်ဟို့စ်၊ ကင်ပမ်ဘီ၊ မူကီလီ၊ ဟာကီမီ (သေချာပေါက်လွဲ)၊ 

ရန်းနက်စ် - အိုမာရီ(ပွဲပယ်ပြစ်ဒဏ်)၊ ဒိုကူ၊ ဇီကာ၊ တာရီယာ(သေချာပေါက်လွဲ)၊ အဆိုင်နွန်(မသေချာ)


ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာလာရပြီဖြစ်တဲ့ ပီအက်စ်ဂျီအတွက် အခုရာသီမျှော်လင့်စရာဆုဖလားအောင်မြင်မှုအဖြစ် လီဂူးဝမ်းပဲ ရှိပါတော့တယ်။ ဒါကြောင့် ပွဲတိုင်းကို အာရုံစိုက်ကစားသွားဖို့ ရှိပါတယ်။ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတယ်ဆိုပေမယ့် ရလဒ်ပိုင်းတွေ ကောင်းမွန်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီရဲ့အိမ်ကွင်းခြေစွမ်းပိုင်းကလည်း အားရစရာကောင်းပါတယ်။ ရန်းနက်စ်က ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေတဲ့အသင်းပါ။ ပါရီမြေမှာကစားရတဲ့ဒီပွဲစဉ်မှာ ရန်းနက်စ်တို့ ရလဒ်ကောင်းရရှိနိုင်အောင် ကြိုးစားသွားမယ့် အခြေအနေမှာ ရှိပါတယ်။ ဒါကြောင့် ရမှတ်ပိုင်းလိုအပ်ချက်ရှိနေတဲ့ ရန်းနက်စ်တို့ ဒီပွဲမှာ ခံစစ်ကို အသားပေးကစားသွားဖို့ ရှိပါတယ်။ ဂိုးပြတ်ဖို့ အလားအလာနည်းပါးတာကြောင့် ဂိုးအောက်ကိုပဲ အလေးသာမိပါတယ်။

.

ပီအက်စ်ဂျီ - ရန်းနက်စ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

----------------------------------------------------------------

ရန်းနက်စ် ၁ - ၀ ပီအက်စ်ဂျီ (၁၆-ဇန်နဝါရီ-၂၀၂၃)

ပီအက်စ်ဂျီ ၁ - ၀ ရန်းနက်စ် (၁၂-ဖေဖော်ဝါရီ-၂၀၂၂)

ရန်းနက်စ် ၂ - ၀ ပီအက်စ်ဂျီ (၃-အောက်တိုဘာ-၂၀၂၁)

ရန်းနက်စ် ၁ - ၁ ပီအက်စ်ဂျီ (၁၀-မေ-၂၀၂၁)

ပီအက်စ်ဂျီ ၃ - ၀ ရန်းနက်စ် (၈-နိုဝင်ဘာ-၂၀၂၀)

.

ပီအက်စ်ဂျီ နောက်ဆုံး (၅) ပွဲရလဒ်

----------------------------

ဘရက်စ် ၁ - ၂ ပီအက်စ်ဂျီ (၁၂-မတ်-၂၀၂၃)

ဘိုင်ယန်မြူးနစ် ၂ - ၀ ပီအက်စ်ဂျီ (၉-မတ်-၂၀၂၃)

ပီအက်စ်ဂျီ ၄ - ၂ နန့်တက်စ် (၅-မတ်-၂၀၂၃)

မာဆေးလ် ၀ - ၃ ပီအက်စ်ဂျီ (၂၇-ဖေဖော်ဝါရီ-၂၀၂၃)

ပီအက်စ်ဂျီ ၄ - ၃ လိုင်လီ (၁၉-ဖေဖော်ဝါရီ-၂၀၂၃)

.

ရန်းနက်စ် နောက်ဆုံး (၅) ပွဲရလဒ်

--------------------------

အော်ဇေး ၀ - ၀ ရန်းနက်စ် (၁၁-မတ်-၂၀၂၃)

ရန်းနက်စ် ၀ - ၁ မာဆေးလ် (၆-မတ်-၂၀၂၃)

နန့်တက်စ် ၀ - ၁ ရန်းနက်စ် (၂၆-ဖေဖော်ဝါရီ-၂၀၂၃)

ရန်းနက်စ် ၂ - ၁ ရှက်တာဒိုးနက် (၂၄-ဖေဖော်ဝါရီ-၂၀၂၃)

ရန်းနက်စ် ၂ - ၀ ကလာမွန့် (၁၉-ဖေဖော်ဝါရီ-၂၀၂၃)


#ပွဲကြိုသုံးသပ်ချက် #ပီအက်စ်ဂျီ #ရန်းနက်စ် #လီဂူးဝမ်း