ရှေ့သို့
Image

ယူနိုက်တက်က ချိတ်ဆက်နေပေမယ့် ဟယ်ရီကိန်းရဲ့စာချုပ်အနေအထားကို တွန်းအားပေးမှာမဟုတ်ကြောင်း ကွန်တီပြောကြား

10:21 AM, 19 March

တော့တင်ဟမ်နည်းပြ ကွန်တီက ဟယ်ရီကိန်းအနေနဲ့ အသင်းမှာ ကာလရှည်ဆက်ရှိနေမယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ အခုရာသီအစောပိုင်းတုန်းက တော့တင်ဟမ်ဂန္ထဝင် ဂျင်မီဂရေ့ဗ်တင်ထားတဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်သားရဲ့စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ထဲကိုရောက်နေပြီး နွေရာသီမှာ ယူနိုက်တက်ကိုပြောင်းမယ်လို့ သတင်းကြီးနေပါတယ်။

ကိန်းကတော့  လာမယ့်လအနည်းငယ်မှာ စာချုပ်သစ်အတွက် စကာေးပြာမှာဖြစ်ပေမယ့် အသင်းရဲ့အနေအထားက ထိပ်ဆုံး ၄ သင်းနေရာကို လွဲချော်နိုတာဖြစ်ပါတယ်။

ကွန်တီရဲ့အနာဂတ်မသေချာချိန်မှာ သူ့အနေနဲ့ အသင်းရဲ့စာချုပ်အနေအထားကို ဝင်ပါမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ဒီလိုအခြေအနေက နည်းပြအတွက်ကော အခြားသူတွေအတွက်ပါ ခက်ခဲပါတယ်။ အသင်းကစားသမားအတွက် မှန်ကန်တဲအခြေအနေရှာဖို့ လိုအပ်ပါတယ်။ ကျွန်တော်ပြောနိုင်တာက ဟယ်ရီကိန်းကို နည်းပြတိုင်းက သူ့အသင်းမှာ လိုချင်ကြပါတယ်။

ဒါပေမယ့် မတူညီတဲ့အချက်အလက်တွေလည်းရှိနေပါတယ်။ အခြေအနေတစ်ခုကိုရှာဖို့ လိုအပ်ပါတယ်။ အဲ့တာက ကစားသမားနဲ့ အသင်းအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်မဟုတ်ပါဘူး။

ကျွန်တော့်ဘက်ကပြောရမယ်ဆိုရင်တော့ ဟယ်ရီက အသင်းအတွက် အရမ်းအရေးပါတဲ့ကစားမားပါ။ သူ့ရဲ့အရေးပါမှုကို မင်းသိပါတယ်။

ဒီရာသီထိပ်ဆုံး ၄ သင်းနေရာဝင်နိုင်ဖို့က လူတိုင်းအတွက် အရေးကြီးပါတယ်။ ဒါကြောင့် အဲ့တာကို သေချာလေးအာရုံစိုက်ရပါမယ်”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

နွေရာသီမှာ ဟယ်ရီကိန်းတစ်ယောက် အသက် ၃၀ ဖြစ်မှာဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ လိုချင်နေပါတယ်။

“မင်းအနေနဲ့  အသက်ကြီးလာချိန်မှာ ကစားသမားတစ်ဦးအနေနဲ့ ပိုသန်မာလာရမှာပါ။ ကျွန်တော်တို့ ကိန်းအကြောင်းနေ့တိုင်းပြောဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ပရော်ဖက်ရှင်နယ်ဆန်လို့ပါ။ သူ့မှာတောက်ပတဲ့အနာဂတ်ရှိနေတယ်လို့ မြင်ပါတယ်။

ဒါပေမယ့် အသက် ၃၀ ကျော်လာချိန်မှာ မင်းအနေနဲ့ ထိပ်တန်းအဆင့်မှာရှိနေဖို့ သေချာာလေးဂရုစိုက်ရမှာပါ”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

ကွန်တီကတော့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး အီတလီသားက အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ယူပေးချင်နေသလို ဆုဖလားမအောင်မြင်တဲ့အတွက်လည်း စိတ်ပျက်နေပါတယ်။

“ကျွန်တော့်စိတ်ထဲမှာ ဆုဖလားကိုင်မြှောက်ဖို့ အမြဲတမ်းရှိနေပါတယ်။ ဒီအချက်ကြောင့် ကျွန်တော် တော့တင်ဟမ်ကို ရောက်လာခဲ့တာပါ။ ဖိအားတွေကြောင့် ကျွန်တော်တို့ရုန်းကန်ခဲ့ရပြီး ဆုဖလားတွေနဲ့ လွဲချော်ခဲ့ပါတယ်။  

ဒီရာသီကတော့ ဆုဖလားမရနိုင်တော့ပဲ လာမယ့်အနာဂတ်မှာတော့ ပရိသတ်တွေအတွက် ဆုဖလားတွေရယူပေးချင်ပါတယ်”လို့ ကွန်တီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #ကွန်တီ #ဟယ်ရီကိန်း #ပရီးမီးယားလိဂ်