ရှေ့သို့
Image

ယနေ့ည ၈း၃၀မှာ ကစားမယ့် အာဆင်နယ် - ခရစ္စတယ်ပဲလေ့စ် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

9:52 AM, 19 March

အာဆင်နယ် ဒဏ်ရာရလူစာရင်း - အယ်နန်နီ၊ အန်ခီတီယာ၊ ဆာလီဘာ၊ တိုမီယာဆု(သေချာပေါက်လွဲ)၊ ဇင်ချန်ကို၊ ထရိုဆက်(မသေချာ)

ခရစ္စတယ်ပဲလေ့စ် ဒဏ်ရာရလူစာရင်း - ဖာဂူဆန်၊ ဂျွန်စတုန်း၊ လိုကွန်ဂါ(သေချာပေါက်လွဲ)၊ ဝီလ်ဟုချ်၊ မက်အာသာ၊ ဂူယေတာ(မသေချာ)


အိမ်ရှင် အာဆင်နယ်အသင်း အခြေအနေ

=====================

အာဆင်နယ်က ယူရိုပါလိဂ်ကနေ ထွက်လိုက်ရပြီဖြစ်လို့ ပရီးမီးယားလိဂ်ကိုပဲ သေချာအာရုံစိုက်လာဖို့ရှိနေပါတယ်။ ဒါပေမယ့် စပို့တင်းနဲ့ပွဲမှာ ပြိုင်ပွဲကတင် ထွက်လိုက်ရတာမဟုတ်ဘဲ ဆာလီဘာနဲ့ တိုမီယာဆုတို့ကိုပါ ဆုံးရှုံးလိုက်ရလို့ ထိုးနှက်ချက်ပိုကြီးမားခဲ့ပါတယ်။


ဧည့်သည် ခရစ္စတယ်ပဲလေ့စ်အသင်း အခြေအနေ

=====================

ပဲလေ့စ်ကတော့ နိုင်ပွဲတစ်ခုကို ခက်ခက်ခဲခဲယူနေရတဲ့ နည်းပြ ဗီအဲရာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ယာယီနည်းပြနဲ့ စခန်းသွားမှာဖြစ်တာကြောင့် အာဆင်နယ်ကို ဒုက္ခပေးနိုင်မလား စောင့်ကြည့်ရပါမယ်။


ထူးခြားချက်များ

============

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးငါးပွဲဆက်နိုင်ထားပါတယ်။


ခန့်မှန်းချက် 

==========

အာဆင်နယ်က ပရီးမီးယားလိဂ်မှာတော့ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားဆဲဖြစ်ပြီး အိမ်ကွင်းဆိုရင်လည်း ယုံကြည်ရတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ပဲလေ့စ်က ၁၁ပွဲဆက် နိုင်ပွဲပျောက်နေမှုကို ယာယီနည်းပြအနေနဲ့ အဆုံးသတ်နိုင်မလားစောင့်ကြည့်ရမှာဖြစ်သလို အဝေးကွင်းမှာ တစ်ရာသီလုံးမှ ၉ဂိုးသာ သွင်းနိုင်ခဲ့တာကိုလည်း ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။ နည်းပြထုတ်ပယ်လိုက်တဲ့အသင်းက ယာယီနည်းပြရဲ့ စစချင်းပွဲမှာ ရလဒ်ကောင်းတတ်လို့ ဒီပွဲမှာတော့ အာဆင်နယ်ကိုငြင်းပြီး ပဲလေ့စ်ဘက်က နေကြည့်ချင်ပါတယ်။

.

အာဆင်နယ် - ပဲလေ့စ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

--------------------------------------------------------------

ပဲလေ့စ် ၀ - ၂ အာဆင်နယ် (၆-သြဂုတ်-၂၀၂၂)

ပဲလေ့စ် ၃ - ၀ အာဆင်နယ် (၅-ဧပြီ-၂၀၂၂)

အာဆင်နယ် ၂ - ၂ ပဲလေ့စ် (၁၉-အောက်တိုဘာ-၂၀၂၁)

ပဲလေ့စ် ၁ - ၃ အာဆင်နယ် (၂၀-မေ-၂၀၂၁)

အာဆင်နယ် ၀ - ၀ ပဲလေ့စ် (၁၅-ဇန်နဝါရီ-၂၀၂၁)

.

အာဆင်နယ် နောက်ဆုံး (၅) ပွဲရလဒ်

----------------------------------

ဖူလ်ဟမ် ၀ - ၃ အာဆင်နယ် (၁၂-မတ်-၂၀၂၃)

စပို့တင်း ၂ - ၂ အာဆင်နယ် (၁၀-မတ်-၂၀၂၃)

အာဆင်နယ် ၃ - ၂ ဘုန်းမောက် (၄-မတ်-၂၀၂၃)

အာဆင်နယ် ၄ - ၀ အဲဗာတန် (၂-မတ်-၂၀၂၃)

လက်စတာ ၀ - ၁ အာဆင်နယ် (၂၅-ဖေဖော်ဝါရီ-၂၀၂၃)

.

ပဲလေ့စ် နောက်ဆုံး (၅) ပွဲရလဒ်

------------------------------

ဘရိုက်တန် ၁ - ၀ ပဲလေ့စ် (၁၆-မတ်-၂၀၂၃)

ပဲလေ့စ် ၀ - ၁ မန်စီးတီး (၁၂-မတ်-၂၀၂၃)

အက်စတွန်ဗီလာ ၁ - ၀ ပဲလေ့စ် (၄-မတ်-၂၀၂၃)

ပဲလေ့စ် ၀ - ၀ လီဗာပူး (၂၆-ဖေဖော်ဝါရီ-၂၀၂၃)

ဘရန့်ဖို့ဒ် ၁ - ၁ ပဲလေ့စ် (၁၈-ဖေဖော်ဝါရီ-၂၀၂၃)


#ပွဲကြိုသုံးသပ်ချက် #အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #ပရီးမီးယားလိဂ်