ရှေ့သို့
Image

ယနေ့ည ၁၁း၀၀မှာ ကစားမယ့် ယူနိုက်တက် - ဖူလ်ဟမ် အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

9:48 AM, 19 March

ယူနိုက်တက် ဒဏ်ရာရလူစာရင်း - ဂါနာချို၊ အဲရစ်ဆင်၊ ဗန်ဒီဘိခ်(သေချာပေါက်လွဲ)၊ ကတ်စ်မဲရိုး(ပွဲပယ်)၊ အန်တိုနီ၊ မာရှယ်(မသေချာ)

ဖူလ်ဟမ် ဒဏ်ရာရလူစာရင်း - ကာဇာဝါ၊ ကီဘာနို၊ ကာနေး(သေချာပေါက်လွဲ)၊ ဝီလျံ(မသေချာ)


ယူနိုက်တက်အသင်းဟာ ဖလားလေးလုံးလမ်းကြောင်းပေါ်ရှိနေဆဲဖြစ်ပြီး ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ ဆီဗီလာနဲ့ ရင်ဆိုင်ရမှာဖြစ်သလို ယနေ့ည ဖူလ်ဟမ်ကို ကျော်ဖြတ်နိုင်ရင်လည်း အက်ဖ်အေဖလားမှာ ခက်ခက်ခဲခဲ ရင်ဆိုင်ရမယ့်အသင်းဆိုလို့ မန်စီးတီးသာ ကျန်တော့မှာပါ။ ယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားပြီးကတည်းက အာဆင်နယ်နဲ့ လီဗာပူးတို့ကိုသာ ရှုံးထားပြီး အိမ်ကွင်းမှာလည်း အကောင်းဆုံးကစားပြထားပါတယ်။ ဖူလ်ဟမ်က ဘရန့်ဖို့ဒ်၊ အာဆင်နယ်တို့ကို ဆက်တိုက်ရှုံးထားပေမယ့် ယနေ့ညပွဲမှာ ပယ်လင်ဟာ ပြန်ပါလာမှာဖြစ်သလို ဝီလျံသာ ပါဝင်လာနိုင်မယ်ဆိုရင် ယူနိုက်တက်ကို ကောင်းကောင်းဒုက္ခပေးနိုင်မှာပါ။ ကတ်စ်မဲရိုးမပါတဲ့ ယူနိုက်တက်က ဂိုးပေးတာလွယ်သလို ဖူလ်ဟမ်တိုက်စစ်ကလည်း ကောင်းတာကြောင့်  ဂိုးပေါ်ကို ကြိုက်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပွဲကြိုသုံးသပ်ချက် #အက်ဖ်အေဖလား #ဖူလ်ဟမ်