ရှေ့သို့
Image

အာဆင်နယ်နှင့် ပွဲမတိုင်ခင် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ဗီအဲရာအား ထုတ်ပယ်ခြင်းအပေါ် ပြောဆိုလိုက်တဲ့ ဂွါဒီယိုလာ

2:04 PM, 18 March

ပဲလေ့စ်အသင်းရဲ့ ဗီအဲရာအား ညှာတာမှုကင်းမဲ့စွာထုတ်ပယ်လိုက်ခြင်းအပေါ် ဂွါဒီယိုလာက စာနာမိကြောင်း ပြောဆိုလိုက်ပါတယ်။ သိမ်းငှက်တွေဟာ  ၁၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး ပြိုင်ဘက် ဘရိုက်တန်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်မှာတော့ တန်းဆင်းဇုန်ရဲ့ အောက်နားသို့ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ပဲလေ့စ်ရှိပထမဆုံးရာသီမှာ ဗီအဲရာဟာ အောင်မြင်မှုရှိခဲ့ပြီး ဝါရင့်နည်းပြကြီး ရွိုင်းဟော့ဆန်ကိုင်တွယ်ခဲ့တဲ့ အသင်းကို ပြောင်းလဲခဲ့ကာ အဲ့ဒီအရှိန်ကို ဆက်လက်မထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၄၆ နှစ်အရွယ် နည်းပြကို အသင်းဟောင်းအာဆင်နယ်နှင့် ပွဲမတိုင်ခင် သောကြာနေ့မနက်မှာ ပဲလေ့စ်က ထုတ်ပယ်လိုက်တာပါ။

ပဲလေ့စ်ကတော့ အဲဗာတန်လိုဖြစ်ဖို့မျှော်လင့်နေပြီး ရှောင်ဒိုက်အား ခန့်အပ်ခဲ့ပြီး ပထမဆုံးပွဲမှာ အာဆင်နယ်အား အနိုင်ရရှိခဲ့ပါတယ်။ ဂွါဒီယိုလာကတော့ ဗီအဲရာကို ထုတ်ပယ်လိုက်ခြင်းကြောင့် ပဲလေ့စ်အနေနဲ့ ချက်ချင်းတိုးတက်လာမယ့်လို့ မထင်နေတာဖြစ်ပါတယ်။

"ဗီအဲရာအတွက် ကျွန်တော်ဝမ်းနည်းမိပါတယ်။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကို ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ အခွင့်အရေးသစ်ကိုတော့ စောင့်ရအုံးမှာပါ။ အာဆင်နယ်နဲ့ပွဲမှာ ဘယ်လောက်အထိ သက်ရောက်မှုရှိမလဲဆိုတာ ကျွန်တော်ဖြင့် တွေးတောင်မတွေးမိပါဘူး" လို့ မန်စီးတီးနည်းပြက ပြောပါတယ်။

အာတီတာရဲ့အသင်းဟာ ယူရိုပါလိဂ်ရှုံးပွဲကနေ ပြန်လာဖို့ လုပ်ဆောင်မှာဖြစ်ပြီး စပို့တင်းလစ္စဘွန်းကို ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲကနေ ခွာခဲ့ရကာ ဒီတစ်ပတ်ရှိ မန်စီးတီးရဲ့ အက်ဖ်အေဖလား ပွဲကစားရမှုအပေါ် အခွင့်ကောင်းယူရမှာဖြစ်ပါတယ်။ အနိုင်ရရှိပါက တစ်ပွဲပိုကစားကာ ချန်ပီယံနေရာအတွက် အာဆင်နယ်ဟာ ၈ မှတ်ဖြတ်ထားနိုင်မှာဖြစ်ပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံးပြိုင်ပွဲရဲ့ ကောင်းမွန်နေဆဲဆိုတာကို ပြသနေဆဲဖြစ်ပါတယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။

"ကျွန်တော်တို့က အရေးကြီးတဲ့ပွဲကို ကစားရမှာဖြစ်ပြီး အက်ဖ်အေဖလားပွဲကို ကစားရမှာပါ။ ကျွန်တော်တို့အသင်းက ကွာတားဖိုင်နယ်မှာဖြစ်ပြီး ဆီမီးဖိုင်နယ်သို့ ရောက်ဖို့ လက်တစ်ကမ်းအလိုမှာ ဖြစ်ပါတယ်" "အားလုံးကနိုင်ငံအသင်းအတွက် ခရီးသွားကြမှာပါ။ ပွဲကြည့်မယ်လို့ မထင်ထားပေမယ့် ရလဒ်ကိုတော့ သိပါလိမ့်မယ်။ ကျွန်တော်ကလည်း အကြိမ်များစွာ ပြောထားပြီးပါပြီ။ သူတို့လုပ်ရမယ့်အလုပ်ကို သူတို့လုပ်မှာပါ"

မန်စီးတီးဟာ ဝင်ဘာလေသို့ ရောက်ရှိဖို့ အသင်းရဲ့ကစားသမားဟောင်းဖြစ်သူ ကွန်ပနီ ကိုင်တွယ်နေတဲ့ ဘန်လေနဲ့ ကစားရမှာဖြစ်ပြီး ကွန်ပနီရဲ့အသင်းဟာ ပရီးမီးယားလိဂ်သို့ တန်းတက်ရန်နီးစပ်နေပြီဖြစ်ပါတယ်။

မန်စီးတီးရဲ့ အသင်းခေါင်းဆောင်ဟောင်းအကြောင်း မေးရာတွင် ဂွါဒီယိုလာက "သူက အသင်းအတွက် အရေးကြီးခဲ့တဲ့တယ်ဆိုတာ အားလုံးသိပါတယ်။ သူဟာ ဂန္တဝင်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး တစ်ခါတစ်လေ ဒဏ်ရာ ရရှိသွားတဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်" "အရေးကြီးတာက နည်းပြတစ်ယောက်အနေနဲ့ သူက ကျွန်တော့်ကိုဘယ်လိုကူညီပေးထားသလဲဆိုတာဖြစ်ပြီး သူဟာ ကလပ်အတွက် အမြဲတမ်းကူညီပေးခဲ့ပြီး အကောင်းဆုံးလို့ ထင်တဲ့အရာတွေကို ပြောခဲ့ပါတယ်။ သူက အရမ်းကိုကောင်းတဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး သူ့အတွက် ကျေနပ်ပီတိဖြစ်မိပါတယ်" "နည်းပြတစ်ဦးအဖြစ် ကစားသမားတွေနဲ့ ကွင်းဘေးမှာ စတင်ပြောဆိုရတဲ့အခါ ခင်ဗျားရဲ့အသက်က ဘယ်လောက်အထိ ကြီးလာသလဲဆိုတာကို သိနားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ သေချာပေါက်အနိုင်ရချင်မှာပါ၊ ကျွန်တော်တို့က ဒါကို အလေးအနက်ထားရပါလိမ့်မယ်" လို့ ဂွါဒီယိုလာက ပြောပါတယ်။ #အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #ဂွါဒီယိုလာ #ဗီအဲရာ #ပရီးမီးယားလိဂ်