ရှေ့သို့
Image

စီးတီးဂန္ထဝင်ဟောင်း ကွန်ပနီနဲ့ ပတ်သက်ပြီး ထောက်ခံပြောကြားလိုက်တဲ့ ဂွါဒီယိုလာ

9:46 AM, 18 March

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကွန်ပနီဟာ ဘန်လေအသင်းနဲ့အတူ အောင်မြင်လာမယ့်နည်းပြဖြစ်တယ်လို့  အက်ဖ်အေဖလား ပွဲမတိုင်ခင် ထောက်ခံပြောကြားလိုက်ပါတယ်။

စီးတီးနောက်ခံလူဟာ ၂၀၁၉ နောက်ပိုင်း အသင်းကနေ ထွက်ခွာသွားခဲ့ပြီးနောက် ဘန်လေနည်းပြအဖြစ်နဲ့ အီတီဟက်ကို ပြန်လာရမှာဖြစ်ပါတယ်။ ကွန်ပနီဟာ ပြီးခဲ့တဲ့နှစ်တုန်းက ချန်ပီယံရှစ်ကလပ်ကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ကာ အခုတော့ ချီးကျူးမှုတွေခံနေရတာဖြစ်ပါတယ်။

ဘန်လေဟာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ဖို့ အကောင်းဆုံး အနေအထားမှာရှိနေပြီး ဒုတိယနေရာက ရှက်ဖီးလ်ယူနိုက်တက်ု ၁၃ မှတ်အထိ ဖြတ်ထားနိုင်ပါတယ်။ ဒါ့အပြင် ဘန်လေဟာ လိဂ်ပွဲမှာ ၃၇ ပွဲမှာ ၂ ပွဲသာ အရေးနိမ့်ထားပြီး ချန်ပီယံရှစ်မှာ ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ စီးတီးနဲ့ ဘန်လေတို့ဟာ အက်ဖ်အေဖလားမှာ တွေ့ဆုံနေတာဖြစ်ပြီး ဂွါဒီယိုလာက အဆိုပါပွဲမတိုင်ခင် ကွန်ပနီဟာ အောင်မြင်တဲ့ နည်းပြဖြစ်လာနိုင်တယ်လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

စပိန်သားက ပွဲကြိုသတင်းစာရှင်းပွဲမှာ “သေချာတာက ကျွန်တော်မသိပါဘူး။ သူက ကျွန်တော်နဲ့ သဘောမတူတာဖြစ်နိုင်ပါတယ်။ သူ့အသင်းကိုကြည့်ပြီးချိန်မှာ ပြန်လာနိုင်တော့မယ်ဆိုတာ ယုံကြည်နေပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ကွန်ပနီ နဲ့ ဂွါဒီယိုလာတို့ဟာ ၃ ရာသီလက်တွဲခဲ့တာဖြစ်ပြီး ၄၅ ပွဲအထိ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ “သူက တကယ်အရေးပါပါတယ်။ ပြီးတော့ ဒီကဂန္ထဝင်ကစားသမားတွေထဲကတစ်ဦးပါ။ ပုဂ္ဂိုလ်ရေးအရ ကျွန်တော့်မှာ အနည်းငယ် ဝမ်းနည်းစရာရှိပါတယ်။ ဒါက တစ်ချို့အချိန်တွေမှာ ဒဏ်ရာတွေရတတ်တာပါ။ ဒါပေမယ့် အရေးအကြီးဆုံးက အသင်းကို သူဘယ်လိုကူညီချင်ခဲ့လဲဆိုတာပါပဲ။ ကျွန်တော် အခြားနိုင်ငံတစ်ခုကနေ ပြောင်းလာခဲ့တာပါ။ ပရီးမီးယားလိဂ်အကြောင်းမသိပါဘူး။ ပြီးတော့ ကျွန်တော် အခန်းထဲမှာ သူက ရှင်းပြပြီး ကူညီခဲ့ပါတယ်။ သူပြောပြခဲ့တာတွေက အသင်းအတွက် အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ သူက အသင်းခေါင်းဆောင်ကောင်း တစ်ဦးဖြစ်သလို သူ့လိုကစားသမားမျိုးရှိခဲ့တာ ကျေနပ်မိပါတယ်။ အခြားတဖက်မှာလည်း ကျွန်တော်တို့ အခုဆို ပြိုင်ဘက်အနေနဲ့ ရင်ဆိုင်ရတော့မှာပါ။ အဲ့တာက မင်းဘယ်လောက်အိုလာလဲဆိုတာကို သိမြင်စေပါတယ်။ စိတ်ပျက်မိပေမယ့် သူ့ကိုမြင်ရတာ ကောင်းပါတယ်။ သူကအနိုင်ရချင်သလို ကျွန်တော်တို့လည်း အနိုင်ရချင်ပါတယ်။ အပြင်းအထန်တိုက်ပွဲဝင်ကြပါလိမ့်မယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ကွန်ပနီ #ပရီးမီးယားလိဂ်