ရှေ့သို့
Image

လီဗာပူးအသင်း အနေနဲ့ ညာနောက်ခံလူ အသစ် ဝယ်ယူဖို့ လိုအပ်ကြောင်း အခိုင်အမာ ပြောကြားလိုက်တဲ့ ကာရေဂါ

2:13 PM, 17 March

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကစားပွဲတွေမှာ အာနိုးရဲ့ ခံစစ်ကမလုံလောက်ကြောင်းနှင့်  လီဗာပူးအသင်း အနေနဲ့ ညာနောက်ခံလူ အသစ် ဝယ်ယူဖို့ လိုအပ်ကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ နောက်ခံလူသည် ရီးရဲလ်မက်ဒရစ်ကိုနှစ်ကျော့ပေါင်းရလဒ် ၆-၂ ဖြင့် ရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရခြင်းကြောင့် ထပ်မံဝေဖန်ခံနေရပါတယ်။ အာနိုးသည် ယာဂင်ကလော့ပ်၏ အသင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ချန်ပီယံလိဂ်၊  အက်ဖ်အေဖလားနှင့် လိဂ်ဖလားတိုကိုလည်း ဆွတ်ခူးနိုင်ခဲ့သောကစားသမားတစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့ ဘောလုံးပေးပို့မှုနဲ့ တည်ကန်ဘောကန်တဲ့ စွမ်းရည်တွေကြောင့် သူ့ကို ချီးကျူးမှုတွေ အများကြီးရခဲ့ပေမယ့် သူ့ရဲ့ ခံစစ်ပိုင်း အားနည်းမှုတွေက သူနဲ့ လီဗာပူးလ်အတွက် အကြိမ်ပေါင်းများစွာစိတ်ပျက်စရာကောင်းကြောင်း ဖော်ထုတ်ခံခဲ့ရပါတယ်။ အာနိုးသည် လွန်ခဲ့သည့် ငါးနှစ်ကတည်းက ပုံမှန်ကစားခွင့်ရခဲ့သော်လည်း အန်ဖီးလ်ဂန္တဝင် ဂျေမီကာရေဂါက ကလော့ပ်ကို ယခုနွေရာသီတွင် ညာနောက်ခံလူအသစ် ဝယ်ရန် တိုက်တွန်းခဲ့ပါတယ်။

ကာရေဂါက အင်တာဗျူးတစ်ခုမှာ “ဒါဟာ အရမ်းစိုးရိမ်စရာပါ။ လီဗာပူးအတွက်တင်မကဘဲ အာနိုးအတွက်ပါပြောတာပါ။ ကျွန်တော်ဆိုလိုတာက ဒီရာသီမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ခံစစ်ပိုင်း အားနည်းနေတဲ့ အကြိမ်အရေအတွက်ပါ။ လီဗာပူးလ်ဟာ ညာနောက်ခံလူကို ဝယ်ဖို့ အခုအချိန်ရောက်နေပြီလို ကျွန်တော်ထင်ပါတယ်။ ညာနောက်ခံလူနေရာမှာ ဘယ်လောက်ကောင်းတဲ့သူကို ငွေဘယ်လောက်သုံးပြီးခေါ်မလဲဆိုတာ ယာဂင်ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ပဲ၊ ဒါပေမယ့် ဒီကောင်လေးတွေက ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုလိုတယ်။ သူဟာ အခုရာသီတိုင်း ပွဲတိုင်းထိပ်တန်းအဆင့်မှာ ကစားနေပြီး အပတ်တိုင်း အနားယူမနေဘဲ ကစားနေရပါတယ်။ အောင်မြင်မှုတွေရယူပြီးဖြတ်သန်းလာတဲ့ အာနိုးအတွက် အရမ်းဂုဏ်ယူမိပါတယ်။ ဒါပေမယ့် သူက အခုအကူအညီလိုနေပါတယ်။ ဒီရာသီအကုန်မှာ ညာနောက်ခံလူအဖြစ် သူဘယ်မှာရှိနေမလဲဆိုတာကို အချိန်အတော်ကြာ စဉ်းစားဖို့ လိုပါတယ်"

“သူက ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းမှာ ကစားနေတာကြောင့် သူ့ကို ကျွန်တော် အမြဲတမ်း ကာကွယ်ခဲ့ပါတယ်။ ဒါကြောင့် အာနိုးက  ခံစစ်မှာကာကွယ်တာထက် တိုက်စစ်က အများကြီး ပိုလုပ်တယ်။ သူ့ရဲ့ ခံစစ်က မလုံလောက်ဘူးဆိုတာ ငါတို အားလုံးသိတယ်။ ကျွန်တော်တို့က ပွဲပေါင်း ၂၆၀ ကစားထားတဲ့ ကစားသမားတစ်ယောက်အကြောင်း ပြောနေတာပါ။ လီဗာပူးဟာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တာကြောင့် ခံစစ်ပိုင်း ထက် တိုက်စစ်ကို ပိုကစားတယ်။ အာနိုး ရဲ့ အဆိုးဆုံး စရိုက်လက္ခဏာတွေကို အခုကျွန်တော်တို့ မြင်တွေ့နေရပြီး သူ့ရဲ့ အားနည်းချက်တွေကို မပြင်နိုင်ပါဘူး။ အဲဒါက ကြီးမားတဲ့ ပြဿနာပါ။ ဒါပေမယ့် လီဗာပူးက နှစ်စဉ် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေတယ်ဆိုရင် အာနိုးကို အမြဲတမ်းသုံးဖို့ က မသေချာပါဘူး။ ဒါပေမယ့် အခု ကောင်လေးက အကူအညီလိုနေတယ်"ဟု ကာရေဂါက ပြောကြားခဲ့ပါတယ်။

#လီဗာပူး #အာနိုးလ် #ကာရေဂါ #ပရီးမီးယားလိဂ်